ဇေယျာလွင်ပြောတဲ့ အညာအကြောင်း တစေ့‌တစောင်း (အင်တာဗျူး)

ကျောင်းသားခေါင်းဆောင်ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ၊ လက်ရှိမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ 96 Soldiers တပ်ဖွဲ့ရဲ့ တာဝန်ခံလည်းဖြစ်တဲ့ ကိုဇေယျာလွင်ကို မြေလတ်အသံသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

သူဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ခဲ့ပါတယ်။ 

အဲဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၉ သင်္ကြန်ကာလမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့နဲ့အတူ သူဟာ စစ်တပ်ကို သံချပ်ထိုးဝေဖန်ခဲ့တာကြောင့် ထောင်သွင်းအကျဉ်းချခံခဲ့ရာကနေ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ဧပြီမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ထောင်ကလွတ်ပြီးနောက် ကိုဇေယျာလွင်ဟာ စစ်အာဏာရှင်ပြုတ်ကျရေးနွေဦးတော်လှန်ရေးမှာ ဆက်လက်ပါဝင်ခဲ့ရာကနေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး 96 Soldiers တပ်ဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။

သူ့ကို နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်း၊ အညာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအောင်မြင်မှုနဲ့ နယ်မြေစိုးမိုးထားနိုင်မှု အခြေအနေ တစေ့တစောင်းကို မြေလတ်အသံက မေးမြန်းဖြစ်ခဲ့ပါတယ်။  

ဒါ့အပြင် တော်လှန်ရေးအလွန် အညာဒေသ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လက်နက်ဖြုတ်သိမ်းရေး အစီအစဉ်၊ လက်နက်ကိုင်တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ တာဝန်ယူ၊ တာဝန်ခံရမယ့်ကိစ္စရပ် စတာတွေနဲ့ပတ်သက်လို့လည်း မေးမြန်းထားပြီး ပထမပိုင်းအနေနဲ့ တင်ဆက်လိုက်ပါတယ်။

#မြေလတ်အသံ

#အင်တာဗျူး #ဇေယျာလွင် #96Soldiers #အညာ #ကျောင်းသားခေါင်းဆောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10