ဈေးဝယ်ထွက်လာတဲ့ ကျားတက်ရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင် ၆ ဦး ပစ်ခတ်ခံရလို့ သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကနေ ဈေးဝယ်ထွက်လာတဲ့ စခန်းမှူးအပါအဝင် ၁၅ ဦးကို လမ်းကနေအသင့်စောင့်ပြီး သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Salingyi Special Task Force-SSTF အဖွဲ့ရဲ့ ရဲဘော်တဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနက်အစောပိုင်း ၅ နာရီကျော်က ကျားတက်ရွာရဲစခန်း မြောက်ဘက်ထိပ်ကနေ ရွာတောင်ပိုင်းဈေးဝယ်ထွက်အလာမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စခန်းမှူးအပါဝင် ရဲတပ်သား ၄ ဦးနဲ့ စစ်သား ၃ ဦး သေဆုံးတယ်လို့လည်း ဆိုပါတယ်။ 

တိုက်ပွဲဖြစ်ပွားနေဆဲမှာ Mi 35 နဲ့ လာရောက်ပစ်ခတ်တဲ့အတွက် ကျည်ကွယ်မျက်ကွယ်ယူ နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းဘက်ကိုပြန်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ G 4 ၁ လက်၊ MA 1 ၂ လက် ၊ MA 3 ၁ လက် ၊ MA ကျည်ဘောက် ၁၁ ခု၊ G 4 ကျည်ဘောက် ၃ ခု၊ အီကွေးမန့်၊ လက်ပစ်ဗုံး ၅ လုံး၊ အီနာဂါ၊ ကျည်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Salingyi Special Task Force-SSTF၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄ နဲ့ တပ်ရင်း ၁၅ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကလည်း ပုလဲမြို့ ပုလဲရဲစခန်းကို Salingyi Special Task Force အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #ယင်းမာပင်ဆားလင်းကြီး #ကျားတက်ရဲစခန်း #တိုက်ခိုက်ခံရ #စစ်ကောင်စီ #ဒေသကာကွယ်ရေးတပ်ဖွဲ့ #လက်နက်ခဲယမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10