ဈေးဝယ်လာတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်အငိုက် ပစ်ခံရလို့ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ဈေးဝယ်လာတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်အငိုက် ပစ်ခံရလို့ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ-အမြင့်လမ်းထိပ်က လဝကရုံးအဟောင်းမှာ တပ်စွဲထားတဲ့နေရာကနေ တပ်သား ၃ ဦးနဲ့ စစ်သည် မိန်းမ ၁ ဦး ပေကုန်းရပ်ကွက်ထဲ ဈေးဝယ်ထွက်လာတာကို အလစ်အငိုက်ဝင်ရောက်ပစ်ခတ်ခဲ့ရာ သေဆုံးထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ Golden Eagle Force- Monywa အဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၂၆ ရက် မနက်ပိုင်း ၈ နာရီလောက်က ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ အလစ်အငိုက် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“သူတို့တပ်စွဲထားတဲ့နေရာနဲ့ အနီးဆုံး ပေကုန်းရပ်ကွက်ထဲကို ဈေးဆင်းဝယ်တာပါ။ ကျနော်တို့ပစ်ခတ်မှုကြောင့် ၂ ယောက်ကတော့ ကားနဲ့လာခေါ်သွားတဲ့အချိန်မှာပဲ သေသွားပြီလို့ကြားသိရတယ်” လို့ Golden Eagle Force- Monywa ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။

ကျန်တဲ့ စစ်သားတဦးနဲ့ စစ်သားမိန်းမကတော့ ရှပ်ထိမှန်ဒဏ်ရာတွေရရှိသွားတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်သားတွေနဲ့ PDF အဖွဲ့တွေ ပစ်ခတ်တဲ့အချိန်မှာ စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဝပ်ရှော့မှ လူငယ်တဦး သေနတ်ထိမှန်ထားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Golden Eagle Force- Monywa၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့(မုံရွာ) နှင့် Ka Naung Min Thar Gyi(Monywa) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ကလည်း နတ်လူထိပ္ပန်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတဦး မုံရွာမြို့အဝင် မုံရွာ-မန္တလေးလမ်းမပေါ်မှာ Golden Eagle Force- Monywa အဖွဲ့ကပစ်ခတ်ခဲ့ရာ ၂ ဦးလုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့  #မုံရွာအမြင့်လမ်း #လဝကရုံးဟောင်း #ပြောက်ကျား #ခြုံခိုတိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10