ညောင်ကိုင်းရွာက ပျူစောထီးတွေကို လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှာနေတဲ့ ပျူစောထီးတွေရှိတဲ့ နေရာကို လက်လုပ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rain Sky Brothers LPDF-Depeyin အဖွဲ့ဆီက သိရပါတယ်။

ညောင်ကိုင်းရွာမှာ ပျူစောထီးအင်အား ၁၀၀ ခန့်ရှိနေတာဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ ၆၀၊ ၈၀ မမ လက်နက်ကြီး ကျည်အလုံး ၂၀ လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Rain Sky Brothers LPDF-Depeyin ထောက်ပို့နဲ့သတင်းတာဝန်ခံ ဗိုလ်သိင်္ဃက ပြောပါတယ်။

ပစ်ခတ်မှုမှာ ပျူစောထီးအဖွဲ့တွေကို တိုက်ရိုက်ထိမိခဲ့ပြီး သေဆုံးဒဏ်ရာရအခြေအနေကိုတော့ စုံစမ်းနေဆဲပဲလို့ သူကပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Rain Sky Brothers LPDF-Depeyin၊ ကြောင်ရိုင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ရွှေဘိုတိုက်နယ် ၃ ပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း မြင်းခြံမြို့ ဆီမီးခုံဆိပ်ကမ်းမှာရှိတဲ့ စစ်ကောင်စီအဖွဲ့နေတဲ့အဆောင်ပေါ်ကို Rain Sky Brothers LPDF-Depeyin အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ပျူစောထီး #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ်ခံရ #ဒေသကာကွယ်ရေးတပ်ဖွဲ့ #ရုပ်သံသတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10