ညောင်ပင်လှရဲစခန်း ဒရုန်းနဲ့ဗုံးကြဲခံရပြီး စစ်သား ၂ ဦးနဲ့ ပျူစောထီး ၁ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှရဲစခန်းကို ဧပြီ ၂၁ ရက် မနက် ၈ နာရီကနေ နေ့လယ် ၁၀ နာရီအထိ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ဆီက သိရပါတယ်။

ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၀ လုံးပစ်ချရာမှာ ညောင်ပင်လှစခန်းအတွင်း စစ်ကောင်စီအထိုင်နေရာကို ကျရောက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ဗုံးထိမှန်ခဲ့တာကြောင့် စစ်သား ၂ ဦးနဲ့ ပျူစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ ရဲစခန်းထဲက စစ်ကောင်စီတပ်သားတွေက သေနက်တွေနဲ့မိုးပေါ်ထောင်ဖောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ဖိုက်ဘာဦးထုပ် ၂ လုံး၊ MA ကျည်ဘောက် ၁ ဘောက်၊ 5.56 ကျည် ၁၃ တောင့်၊ လက်ပစ်ဗုံး (စနက်တံမပါ) ၁ လုံးတို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ Black Cobra (ကမ္မတပ်ပေါင်းစု) ၊ DMG (ဓားမင်းကြီး) ၊ PKU Thurein အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ် သရက်ကွရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ကပဲ ဧပြီ ၂၁ ရက် ညနေ ၄ နာရီကနေ ည ၈ နာရီအထိ ဒရုန်းနဲ့ ဗုံးကြဲချခဲ့ရာ စစ်သား ၁ ဦး ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁ လုံးမီးလောင်သွားခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10