ညောင်ပင်ဝန်းရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရလို့ စခန်းမှူးအပါအဝင် ၇ ဦးသေဆုံးဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ညောင်ပင်ဝန်းရဲစခန်းထဲမှာ ဇွန်လ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျုစောထီးတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

"ဒရုန်း ၇ စီးသုံးပြီး တိုက်တာ။ ဗုံးသီး ၁၄ လုံးကြဲပြီး တိုက်ခိုက်နိုင်ခဲ့တယ်။ စခန်းမှူးနေတဲ့ တဲထဲကို ဒဲ့ချနိုင်ခဲ့တယ်။ သူတို့ စုပြီးတော့ အရက်သောက်ဖဲရိုက်နေတဲ့နေရာကိုလည်း ကြဲချနိုင်ခဲ့တယ်။ သေဆုံးမှုက စခန်းမှူးအပါအဝင် ၇ ဦးသေဆုံးပြီး ဒဏ်ရာရတာလည်းများပါတယ်။ ဒဏ်ရာရ စာရင်းကိုတော့ မသိရသေးပါဘူး။"လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း ၁(နဂါးနီတပ်ရင်း)၊ MRTF Drone Force၊ အောင်သပြေညီနောင်၊ မြင်းခြံခရိုင် တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့)၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅ နဲ့ ဆားတောင်မိုးကြိုး Local PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ကိုင်းမြို့ #ဒရုန်းစစ်ဆင်ရေး #စစ်သား #ရဲ #ပျုစောထီး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10