ညောင်ပင်ဝန်းရဲစခန် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ညောင်ပင်ဝန်းရဲစခန်းထဲမှာ မတ်လ ၂၆ ရက် မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ စခန်းရှေ့မှာ ကားတွေကို ပိုက်ဆံတောင်းပြီး ပြည်သူတွေကို စစ်ဆေးနေချိန် ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

အင်အား ၁၅၀ လောက်ရှိတဲ့ စစ်သားတွေစု‌နေတဲ့အချိန် မနေ့မနက် ၈ နာရီလောက်မှာတိုက်ခိုက်ခဲ့တာလို့ ကျောက်ဆည်နဂါးနီ ပြည်သူ့ကာကွယ်ရေးတပ် ဒုတပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။


"အဲ့ဒီစခန်းထဲက စစ်ကောင်စီတပ်သားတွေက ရဲစခန်းရှေ့ထွက်ပြီး ကားတွေကို ပိုက်ဆံတောင်းပြီး ပြည်သူတွေကို စစ်ဆေးတာလုပ်တယ်။ အဲ့ဒီဂိတ်ကိုအရင်ဆုံး ဒရုန်းသုံးပြီး ဗုံးကြဲချတယ်။ အဲဒီမှာ ၂ ကောင်သေတယ်။ ကျန်တဲ့ကောင်တွေက ခွေးခြံထဲပြေးဝင်တယ်။ ကျန်တဲ့ ဗုံးသီး ၇ လုံးကို ဒရုန်း ၃ စီးနဲ့ဖြုတ်ချတယ်။ အဲ့ဒီခွေးခြံထဲမှာ ထပ်ပြီးပွဲချင်းပြီး ၃ ကောင်သေပြီး ၁၀ ကောင်ထက်မနည်းဒဏ်ရာရတယ်" လို့ ပြောပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10