ညောင်ပင်သာရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်မီးရှို့နိုင်ခဲ့

ညောင်ပင်သာရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်မီးရှို့နိုင်ခဲ့

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ ညောင်ပင်သာရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်မီးရှို့နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲထံက သိရပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက် ၄ နာရီ မိနစ် ၂၀ ခန့်ကစပြီး အင်အား ၄၀ ကျော်ရှိတဲ့ ညောင်ပင်သာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်တိုက်ပြီး သိမ်းနိုင်ခဲ့တယ်။ စခန်းကိုလည်း ဖျက်စီးမီးရှို့နိုင်ခဲ့တယ်။ အသေးစိပ်ကိုတော့ နောက်မှာ စစ်ဒေသခွဲကနေ ထုတ်ပြန်ပါ့မယ်" လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး ကပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီနဲ့ရဲဘက်က သေဆုံးသူတွေများပြားပြီး လက်နက်တွေလည်းသိမ်းဆည်း ရမိထားတာရှိတယ်လို့ ဆိုပါတယ်။

ယနေ့ မနက်ပိုင်း  ၇ နာရီကျော်အချိန်မှာတော့  စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးနဲ့လာရောက်ပစ်ခတ်တာတွေရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုကြောင့် ညောင်ပင်သာကျေးရွာထဲက ဒေသခံအချို့ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၉ ရက်နေ့ကလည်း အဲဒီ ညောင်ပင်သာရဲစခန်းကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း-နွေဦးငြိမ်းချမ်း

 

#​မြေလတ်အသံ

#ပဲခူးတိုင်း #ဖြူးမြို့နယ် #စစ်ကောင်စီ #ရဲစခန်း #မီးရှို့ခံရ #KNLA #ပကဖ #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10