ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ စစ်အုပ်စု ၃၀ ကျော်သေ၊ သေနတ် ၁၃ လက်နဲ့ ခဲယမ်းပစ္စည်းများရရှိ

ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ စစ်အုပ်စု ၃၀ ကျော်သေ၊ သေနတ် ၁၃ လက်နဲ့ ခဲယမ်းပစ္စည်းများရရှိ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးကာ သေနတ် ၁၃ လက်အပါအဝင် ခဲယမ်းပစ္စည်းအများအပြား သိမ်းဆည်းရမိတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ ၂ တာဝန်ရှိသူတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ မနက် ၄ နာရီ မိနစ် ၃၀ ခန့်ကစပြီး အင်အား ၄၀ ကျော်ရှိတဲ့ ညောင်ပင်သာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားပြီး တနာရီကျော်အကြာမှာ စခန်းကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

" ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်တိုက်ပြီး သိမ်းနိုင်ခဲ့တယ်။ လက်ရှိလေကြောင်း တိုက်ခိုက်မှုရှိနေတော့ စစ်ရေးကိစ္စကရှိနေဆဲပါ"လို့  တောင်ပိုင်းတိုင်စစ်ဒေသခွဲ ၂တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ သေနတ် ၁၃ လက်နဲ့ ၆၀ မမ ဗုံးသီး အများအပြား၊ လက်ပစ်ဗုံးတွေအပါအဝင် အခြားခဲယမ်းနဲ့ စစ်သုံးဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်း ရမိထားတယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီးမှာ ရဲစခန်းတခုလုံးကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပြီးချိန်မှာ စစ်တပ်ကတိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးနဲ့လာရောက် ပစ်ခတ်တာတွေရှိလို့ ညောင်ပင်သာကျေးရွာထဲက ဒေသခံအချို့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ရိုးမ (၁) အာဠာဝကစစ်ကြောင်း၊ ရိုးမ (၅) တော်ဝင်ဒေါင်းစစ်ကြောင်း၊ BPLA စစ်သည်တွေနဲ့ KNLA စစ်သည်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ညောင်ပင်သာရဲစခန်း #စခန်းသိမ်းတိုက်ပွဲ #စစ်ကောင်စီတပ် #၃၀ကျော်သေဆုံး #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10