ညောင်ပင်၀န်းရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

ညောင်ပင်၀န်းရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ညောင်ပင်၀န်းတိုက်နယ်ရှိ ညောင်ပင်၀န်းရဲစခန်းကို စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့၀င်တွေက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ GTR-MMU အဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ လက်ပံသာကျေးရွာကို စစ်ကြောင်းထိုးပြီး ညောင်ပင်၀န်းရဲစခန်းကို ပြန်လာတဲ့စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"လက်ပံသာကျေးရွာကို စစ်ကြောင်းထိုးပြီးတော့ ပြန်လာတဲ့ စစ်ကောင်စီတပ်သား ၁၅ ယောက်က စခန်းထဲကို ပြန်လာပြီး တပ်ချတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းထဲကနေ လက်နက်ငယ်တွေနဲ့ပြန်ပစ်တာ ရှိတယ်။ သေဆုံးထိခိုက်တာတော့ ရှိတယ်" လို့ Ghost Team Ranger Myinmu (GTR MMU) တပ်ဖွဲ့၀င်တဦးက မြေလတ်အသံကိုပြောပါ တယ်။

အဲ့ဒီစစ်ကြောင်းက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကတည်းက ညောင်ပင်၀န်းရဲစခန်းထဲကို ရောက်ရှိနေတာ ဖြစ်ပြီး တပ်မ ၃၃ ကဖြစ်တယ်လို့ သိရပါတယ်။

အခု ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကို Ghost Team Ranger Myinmu(GTR MMU)၊ Myinmu Defence Force (MMDF)၊ မြင်းခြံခရိုင်တပ်ရင်း ၆ နှင့် နယ်မြေခံတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အလားတူပဲ အဆိုပါ တပ်မ ၃၃ ကို ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်က ညောင်ပင်၀န်းရဲစခန်းထဲမှာ တပ်ချထားချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူအပါအ၀င် တပ်သား ၁၇ ဦးခန့် သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

ပုံစာ - စက်တင်ဘာ ၁၄ ရက်က ညောင်ပင်၀န်းရဲစခန်းကို ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည့် GTR-MMU တပ်ဖွဲ့။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ညောင်ပင်၀န်း #ရဲခန်း #တပ်မ၃၃ #ဒရုန်း #ဗုံးသီးချ #တိုက်ခိုက် #GTR_MMU #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10