ညောင်ဖြူပင်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိကြောင်း PDF ပြော

ညောင်ဖြူပင်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိကြောင်း PDF ပြော

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာမှာရှိတဲ့ ညောင်ဖြူပင်ရဲစခန်းကို နိုဝင်ဘာ ၂၄ ရက် မနက် ၅ နာရီခန့်မှာ ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ မုံရွာခရိုင်တပ်ရင်း ၄ Chindwin Attack Force အဖွဲ့က ပြောပါတယ်။

စစ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၅၀ ကျော် တပ်စွဲထားတဲ့ ညောင်ဖြူပင်ရဲစခန်းကို စခန်းရဲ့ ၂၅ မီတာအကွာအထိ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲကြာချိန် ၁ နာရီကျော်ကြာမြင့်ခဲ့ကာ မနက် ၇ နာရီဝန်းကျင်မှာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

“ အဓိကတော့ ကျနော်တို့မှာ လက်နက်ကြီးမပါတာ။ အဲဒါကြောင့် ဘန်ကာတွေကို ဖြိုလို့ မရတာ။ ဘန်ကာတွေဖြိုလို့ရရင် အဲ့ဒီစခန်းကိုအလွယ်တကူ သိမ်းလို့ရပါတယ်။ လက်နက်ကြီးမပါတာနဲ့ ကျည်မလောက်တာကြောင့် စခန်းမသိမ်းနိုင်ခဲ့တာ” လို့  Chindwin Attack Force သတင်းနဲ့ ပြန်ကြားရေး တာ၀န်ခံ ကိုပေတလူက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြီး မုံရွာခရိုင် PDF တပ်ရင်း ၄ Chindwin Attack Force  ရဲဘော် ၁ ဦး ညာဘက်နံရိုး ကျည်ဖောက်ထွက် ဒဏ်ရာရခဲ့တယ် လို့ သူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄ ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys ၊ မုံရွာခရိုင်တပ်ရင်း ၄ တပ်ခွဲ ၁ Spring Dove PDF ၊ မုံရွာ ခရိုင်တပ်ရင်း ၄ တပ်ခွဲ ၃ Monywa Nightking PDF ၊ မုံရွာခရိုင်တပ်ရင်း ၄ တပ်ခွဲ ၄ 5/Teacher's Defence Force PDF ၊ မုံရွာခရိုင်တပ်ရင်း ၁၇ ၊ DLC Local တပ်ပေါင်းစု ၊ Special Guerrilla Force - Monywa S.G.F ၊ 5/UG Commondo Force ၊ ယင်မားပင်ခရိုင်တပ်ရင်း ၂၈ နဲ့ ဒဿပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁ ရက်ကလည်း မုံရွာမြို့၊ ညောင်ပင်သာရပ်ကွက် သုံးထပ်တိုက်နဲ့အနီးတဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးကင်းစခန်းကို Chindwin Attack Force တပ်ရင်း ၄ ကတိုက်ခိုက်ခဲ့ရာ စစ်သားသေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ညောင်ဖြူပင်ရဲစခန်း #တိုက်ခိုက်မှု #စစ်ကောင်စီတပ် #ထိခိုက်သေဆုံး #လက်နက် ခဲယမ်း #မလုံလောက်မှု #တိုက်ပွဲသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10