ညောင်ဖြူပင်ရဲစခန်း ၃ ရက် ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဇန်နဝါရီ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group(CFG) အဖွဲ့ဆီက သိရပါတယ်။

ညောင်ဖြူပင်ရဲစခန်းကို ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နဲ့ ၁၁ ရက် နံနက်တွေမှာ ဗုံးသီး ၅ လုံး၊ ၄ လုံး၊ ၆ လုံးတို့နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းပတ်ဝန်းကျင် အဆောက်အဦတွေနဲ့ ဘန်ကာတွေကို ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲပဲ လို့ Chindwin Fighter Group(CFG) တာဝန်ခံက ပြောပါတယ်။

အဲ့ဒီရဲစခန်းမှာ  မုံရွာ နမခ က စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ လောက် အထိုင်ချတပ်စွဲနေပြီး ပြည်သူ့နေအိမ်တွေကို မီးထွက်ထွက်ရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေကို စားနပ်ရိက္ခာအဖြစ် ယူယူသွားတယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Chindwin Fighter Group(CFG)၊ ဗန္ဓုလနဲ့အဖွဲ့သားများ၊ Brave Heart Army BHA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာ #စစ်ကောင်စီ #ပျူစောထီး #ဒရုန်း #တိုက်ခိုက်ခံရ #တော်လှန်ရေးအင်အားစု #နွေဦးတော်လှန်ရေး #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10