ညောင်လေးပင်က အသက် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးပျောက်ဆုံးနေ

ညောင်လေးပင်က အသက် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးပျောက်ဆုံးနေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ စစ်ကုန်းကျေးရွာနေ အသက် ၁၆ အရွယ် လူငယ် ၂ ဦး ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ပျောက်ဆုံးနေတဲ့ လူငယ် ၂ ဦးဟာ အသက် ၁၆ နှစ်အရွယ် သူရနောင်နဲ့ မင်းခန့်ကိုတို့ ၂ ဦးဖြစ်တယ်လို့ သိရပါတယ်။

မေ ၂ ရက်မှာ မင်းခန့်ကိုက သူအလုပ်လုပ်ရာ မွန်ပြည်နယ်၊ ဘီးလင်းဘက်ကို ပြန်သွားမှာဖြစ်လို့ အကိုဝမ်းကွဲ တော်စပ်သည့် ဒိုက်ဦးမြို့က သူရနောင်ကို တွေ့ချင်တယ်လို့ဆိုကာ သွားရောက်ရာက နှစ်ဦးစလုံး သတင်းမရဘဲ ပျောက်ဆုံးနေတာလို့ သိရပါတယ်။

"သူတို့နှစ်ယောက်က ဝမ်းကွဲညီကိုတော်တယ်။ သူရနောင်က သူ့ညီဝမ်းကွဲကို သွားတွေ့မယ်ဆိုပြီး သူ့အဖော်တယောက်နဲ့ ပျောက်တဲ့နေ့က မနက်အစောသွားတာ။ သူ့အဖော်ပဲ ရွာပြန်ရောက်လာပြီး သူက ပြန်မရောက်လာဘူး။ ဖုန်းတွေလည်းပါသွားပေမယ့် ဆက်သွယ်လို့မရဘူး" လို့ မိသားစုဝင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

လူငယ်နှစ်ဦးဟာ အသက်မပြည့်သေးပေမယ့် လူကောင်ထွားတာကြောင့် စစ်တပ်ဘက်ကလည်း လူသစ်စုဆောင်းဖို့ခေါ်ဆောင်သွားနိုင်သလို နိုင်ငံရေးအခြေနေကြောင့် PDF ထဲလည်းရောက်သွားနိုင်လို့ စိုးရိမ်ပူပန်နေကြရတယ်လို့ ဆိုပါတယ်။

လူငယ်နှစ်ဦးပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး မိသားစုဝင်တွေက ဒိုက်ဦး၊ ညောင်လေးပင်၊ ဘုရားကြီးမြို့အထိ လိုက်လံရှာဖွေပေမယ့် ယနေ့အထိ သတင်းမရသေးဘူးလို့ သိရပါတယ်။

မိသားစုဝင်တွေက လူငယ်နှစ်ဦးပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး စိတ်ပူနေရတာကြောင့် အဆိုပါ လူငယ် ၂ ဦး ကိုတွေ့ရှိသူများအနေနဲ့ မိသားစုဝင်တွေကိုင်ဆောင်တဲ့ ဖုန်း 09250547440 နဲ့ 09429559911 ကို ဆက်သွယ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ညောင်လေးပင် #စစ်ကုန်းကျေးရွာ #လူပျောက် #စစ်မှုထမ်း #ဒိုက်ဦး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10