ညောင်လေးပင်မှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ဒေသခံ ၃ ဦးဒဏ်ရာရ

ညောင်လေးပင်မှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ဒေသခံ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ချုံအင်းကျေးရွာကို စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျပြီး ဒေသခံ ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၆ ရက် ည ၁၀ နာရီခွဲလောက်မှာ ညောင်လေးပင်အခြေစိုက် ခမရ ၂၀ တပ်ရင်းကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ရာ ချုံအင်းကျေးရွာထဲကို ၁ လုံးနဲ့ ရွာပြင်လယ်ကွင်းထဲကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

"ရွာထဲကျတဲ့အလုံးက လူတွေထိပြီး နွားတွေပါ ထိတာရှိတယ်။ တယောက်တော့ အခြေနေစိုးရိမ်ရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

လက်နက်ကြီးထိလို့ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး ခြေထောက်နဲ့ပေါင်မှာ ဒဏ်ရာပြင်းထန်ရပြီး အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီး ၂ ဦးကတော့ လက်မှာ ဒဏ်ရာရကာ သူတို့ ၂ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ သိရပါတယ်။ 

ဒါ့အပြင် နွား ၃ ကောင်သေဆုံးပြီး ရွာပြင်လယ်ကွင်းထဲ လက်နက်ကြီးကျတဲ့နေရာက စပါးခင်းတွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၄ ရက် ညနေပိုင်းကလည်း ညောင်လေးပင်မြို့တွင်းနဲ့ တာပျက်တံတားအနီးမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ ညောင်လေးပင်မြို့နယ်၊ ဝိုင်းကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၆ လ အရွယ်ကလေးနဲ့ မိခင်ဖြစ်သူတို့ ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #ချုံအင်းကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ထိခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10