ညောင်လေးပင်မှာ စစ်ကောင်စီအဖွဲ့တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

ညောင်လေးပင်မှာ စစ်ကောင်စီအဖွဲ့တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ အင်းကလွဲကျေးရွာမှာ စစ်ကောင်စီလှည့်ကင်းအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရလို့ ၂ ဦးသေဆုံးခဲ့တယ်လို့ Fire Dragon PDF အဖွဲ့ဆီက သိရပါတယ်။

ဧပြီ ၁၀ ရက် မနက် ၆ နာရီခန့်က အင်းပလွဲရွာအနီးမှာ အင်အား ၁၀ ဦးခန့်နဲ့ ခြေလျင်ကင်းလှည့်နေတဲ့ စစ်ကောင်စီအဖွဲ့ကို စနိုက်ပါနဲ့စတင်ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ကျော်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"သတင်းအရ ကျနော်တို့ဘက်က စနိုက်ပါနဲ့သွားစောင့်ပစ်တာ။ သူတို့ဘက်က ၂ ယောက်စနိုက်ပါထိတယ်။ ပစ်ခတ်မှုခဏဖြစ်တယ်။ ကျနော်တို့ပြန်ဆုတ်လာပြီးမှ စကစဘက်က လက်နက်ကြီးတွေပစ်ခတ်လာတာ ရှိတယ်"လို့ Fire Dragon PDF အဖွဲ့တာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုအပြီး မနက် ၁၀ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်သားတွေက ရွှေကျင်ဗျူဟာကုန်းဘက်ကနေ အင်းပလွဲရွာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ နေအိမ်တလုံးပျက်စီးပြီး ကိုသန်းဇော်ဆိုသူမှာ တင်ပါးအထက် ကျည်ထိဒဏ်ရာရကာ နွားတကောင်လည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

မတ် ၂၉ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ညောင်ပင်ပေါက်ကျေးရွာ ညောင်လေးပင်-ရွှေကျင်လမ်းပေါ်ရှိ စစ်ကောင်စီယာယီတပ်စခန်းတခုတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #စစ်ကောင်စီ #ပစ်ခတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10