ညောင်လေးပင်မှာ စစ်ကောင်စီအဖွဲ့ မိုင်းထိပြီး ၅ ဦးသေဆုံး

ညောင်လေးပင်မှာ စစ်ကောင်စီအဖွဲ့ မိုင်းထိပြီး ၅ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကောက်မသူကျေးရွာအနီး ပန်းတင်ကုန်းအနီးမှာ စစ်ကောင်စီအဖွဲ့ မိုင်းထိပြီး ၅ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၂၁ ရက် မနေ့နေ့လယ် ၁ နာရီခန့်မှာ ပန်းတင်ကုန်းအနီးတပ်စွဲထားတဲ့ အင်အား ၅၀ ခန့်ရှိစစ်ကောင်စီတပ်ဖွဲ့က ကောက်မသူကျေးရွာဘက်ကို ထွက်ခွာချိန်မှာ မိုင်းထိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"မိုင်းထိလို့ စကစတပ်သားတွေ သေဆုံးတာမှာ ကားတွေနဲ့ပို့တဲ့ကိစ္စတွေကို ရွာကလူတွေ ဝိုင်းလုပ်ပေးလိုက်ရတာရှိတယ်။ အဲ့နားဝန်းကျင်မှာက တပ်ဘက်ကကော KNUဘက်ကကော မိုင်းထောင်ထားတာတွေရှိတော့ ဘယ်သူမိုင်းနဲ့ထိတယ်ဆိုတာတော့ မသိရဘူး"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းထိလို့သေဆုံးသွားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကိုတော့ ကားတွေနဲ့တင်ဆောင်ပြီး ညောင်လေးပင်မြို့ဘက်ကို သယ်သွားတယ်လို့ ဆိုပါတယ်။

လက်ရှိအခြေနေအရ တော်ဝိကျေးရွာနဲ့ အနီးအနားကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေ ရောက်နေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။

ဇူလိုင် ၁၄ ရက် မနက် ၉ နာရီကျော်ခန့်မှာ အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ် ကြောင်းနဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေဟာ ပန်းတင်ကုန်းနားမှာ ၅ နာရီနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #စစ်ကောင်စီတပ် #မိုင်းထိ #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10