ညောင်လေးပင်မှာ စစ်တပ်က လက်နက်ကြီး၊ ရဟတ်ယာဉ်တွေနဲ့ပစ်လို့ ဒေသခံ ၃ ဦးဒဏ်ရာရပြီး ထောင်ချီထွက်ပြေးနေရ

ညောင်လေးပင်မှာ စစ်တပ်က လက်နက်ကြီး၊ ရဟတ်ယာဉ်တွေနဲ့ပစ်လို့ ဒေသခံ ၃ ဦးဒဏ်ရာရပြီး ထောင်ချီထွက်ပြေးနေရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ ညောင်လေးပင်မြို့နယ်ထဲမှာ စစ်ကောင်စီက လက်နက်ကြီး၊ လေယာဥ်တွေသုံးပစ်ခတ်လို့ ဒေသခံ ၃ ဦးဒဏ်ရာရပြီး ဒေသခံထောင်ချီ ထွက်ပြေးနေရတယ်လို့  အောက်တိုဘာ ၂၄ ရက်မှာ KNU ဗဟိုကနေ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၂ ရက်မှာ ကျောက်ကြီးမြို့နယ်ထဲက ဖိုတကျေးရွာနဲ့ခြောက်တဲစုကျေးရွာဘက်ကို ပိန်းဇလုပ် ခလရ ၂၆၄ တပ်က လက်နက်ကြီး အလုံး ၄၀ ကျော်ပစ်ခတ်ခဲ့ပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် ဖိုးတကျေးရွာက နေအိမ် ၁ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ နွား ၂ ကောင် ထိခိုက် ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ညနေ ၃ နာရီခန့်မှာ တလိုင်းခင်ကျေးရွာ၊ ဖိုတကျေးရွာနဲ့ ဒေါင်းမိုကျေးရွာကို ရဟတ်ယာဥ်နဲ့ ၇ ကြိမ်လာ ရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ညနေ ၃ နာရီခန့်မှာ ညောင်လေးပင်မြို့နယ်၊ စပ်စုကျေးရွာသား ဦးမင်းမင်း ၄၁ နှစ်ဟာ သူပိုင်လယ်ထဲ သွားချိန် စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့က စနိုက်ပါနဲ့ပစ်လို့ ညာဘက်ခြေသလုံးဒဏ်ရာရခဲ့ပါသေးတယ်။

"ဒီရက်ပိုင်းတွေအတွင်းမှာ စကစဘက်က လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တာတွေများလာသလို လေယာဥ်ပါ သုံးလာရတဲ့အခြေနေရှိနေတယ်။ "လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်မှာလည်း မနက် ၈ နာရီကနေ ည ၉ နာရီထိ ပိန်းဇလုပ်စစ်ကောင်စီတပ်ကနေ ကျောက်ကြီးမြို့နယ်၊ ဖိုးတကျေးရွာ၊ တောကြောင်ပေါက်ကျေးရွာဘက်နဲ့ ညောင်လေးပင်မြို့နယ်၊ ချုံအင်းရွာဘက်ကို လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ရာ တောကြောင်ပေါက်ကျေးရွာထဲ လက်နက်ကြီးတချို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စောအယ်ခူဆဲ ၁၂ နှစ်နဲ့ ညာဒါးဒါး ၅၂ နှစ်တို့မှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေသလို ရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်တာတွေကြောင့် ကျောက်ကြီးမြို့နယ်ထဲက နံဇ၊ ဖိုးတ၊ ခြောက်တဲစု၊ ရွာသာယာ၊ ချောင်းဝကျေးရွာနဲ ညောင်လေးပင်မြို့နယ်ထဲက ဂွေးကုန်း၊ ကျောက်တန်း၊ မောင်ပြား၊ ကွင်းတလားထိုးကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာခန့်က ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးနေရပါတယ်။

အောက်တိုဘာ ၁၇ ရက်ကလည်း ကျောက်ကြီးမြို့နယ်ထဲက လယ်ထူလူး၊ ကဒီးစူဒေ၊ ပယ်ဝါးဒဲ၊ ကွီးလား၊ ထီးရိုးထော်ပလော၊ စေးဘောဒဲရွာတွေကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဗုံးကြဲလို့ KNLA ၃ ဦး၊ ပြည်သူ ၁ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

# ပဲခူးတိုင်း #ညောင်လေးပင် #ကျောက်ကြီးမြို့နယ် #စစ်ကောင်စီ #လေယာဥ် #စစ်ရှောင် #KNU #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10