ညောင်လေးပင်မှာ ၁၀ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိ

ညောင်လေးပင်မှာ ၁၀ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား အချိန် ၁၀ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်လို့ PDF တွေဆီက သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက် မနေ့မနက် ၄ နာရီခန့်ကနေ နေ့လယ် ၂ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီအင်အား ၁၀၀ ခန့်ဟာ ပုဇွန်မြောင်းကျေးရွာရှိ KNLA ပူးပေါင်းတပ်တွေကို လာရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ရှိနေတာ ဒီကောင်တွေသိလို့လာဝိုင်းတာ။ အဲ့မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာကော မိုင်းမိတာ၊ စနိုက်ပါမိတာကော စကစဘက်က ၄၀ လောက်ကျမယ်" လို့ ဒေသခံ PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေနတ်ကျည်ဆံကုန်သွားတာကြောင့်လည်း တပ်ဆုတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အထိနာတဲ့စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားရာနေရာကို အင်အား ၁၀၀ ကျော် စစ်ကူ ထပ်မံရောက်ရှိလာပြီး လက်ရှိမှာ ပုဇွန်မြောင်းကျေးရွာအတွင်း တပ်စွဲထားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ KNLA တပ်မဟာ ၃၊ Fire Dragon PDF၊ နွေဦးစစ်သည်တော်၊ PDF တပ်ရင်း ၃၇၀၂ အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ဇူလိုင်လ၂၅ နဲ့ ၂၆ ရက်မှာ ညောင်လေးပင်မြို့နယ်၊ ယောက်သွားကုန်းနဲ့ ရေတွင်းကုန်းကျေးရွာတွေမှာ  ၂ ရက်တာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၇ ဦးသေကာ ၃၀ ကျော်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #တိုက်ပွဲသတင်း #KNLA #PDF #နှစ်ဖက်ထိခိုက်မှု #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10