ညောင်လေးပင်ရှိ စစ်ကောင်စီတံတားစစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးကြဲခံရလို့ တဦးသေဆုံး

ညောင်လေးပင်ရှိ စစ်ကောင်စီတံတားစစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးကြဲခံရလို့ တဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာအနီးက စစ်ကောင်စီတံတားစစ်ဆေးရေးဂိတ်ကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

မဒေါက်နဲ့ ညောင်လေးပင်ကို ဆက်သွယ်ထားတဲ့ ပုဇွန်မြောင်းရွာအနီးတံတားမှာရှိတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို ဇူလိုင် ၁၂ ရက် မနေ့ မနက် ၅ နာရီခွဲက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

“**ဗိုလ်တယောက်နေတဲ့ တဲရှေ့ကျပြီး ပေါက်ကွဲတယ်။ အဝေးဆုံး ၁၀ ပေပေါ့၊ **ရော၊ပျူရော ရွာဘက်ကို ထွက်ပြေးကြတယ်။  တယောက်သေတာတော့ သေချာတယ်၊ တခြားထိခိုက်ဒဏ်ရာ ရနိုင်ချေတွေလည်းရှိတယ်။ သူတို့က လက်နက်ကြီးတွေ တအားထုပြီး ပြည်သူကိုအမျိုးမျိုး သောကပေးနေတာ၊ များများတောင် ပစ်စေချင်တယ်” လို့  ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါဂိတ်ဟာ ညောင်လေးပင်မြို့တွင်းကနေ ဓာတ်ဆီဝယ်ခွင့်တွေ ကန့်သတ်ကာ၊ ပိုးသတ်ဆေးနဲ့မြေ‌ဩဇာဝယ်ခွင့်ပိတ်ထားပြီး ကုန်စည်စီးဆင်းမှုကို အနှောင့်အယှက်ပေးနေတဲ့အတွက် တောင်သူတွေ အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတဦိးသေဆုံးတယ်လို့ ကနဦးသိထားရပြီး ရာထူးနဲ့ဒဏ်ရာရအရေအတွက်ကတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးအဖွဲ့တွေကလည်း ပဲခူးတိုင်းကို စစ်ရေးအရှိန်မြှင့်မယ်လို့ ကြေညာထားတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ဝေးဝေးနေကြဖို့၊ စစ်တပ်ဘက်က အထိနာရင် ပြည်သူတွေကို လူသားဒိုင်းလုပ်တတ်တဲ့အတွက် အသွားအလာဆင်ခြင်ပါးနပ်ကြဖို့လည်း သတိပေးထားကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်ကလည်း လက်နက်ကိုင်အဖွဲ့တခုက ပုဇွန်မြောင်းကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီခန့်ရာအိမ်မှူးရဲ့ နေအိမ်ရှေ့ကို ကျရောက်ပေါက်ကွဲကာ မိုင်းစထိမှန်လို့ ရာအိမ်မှူးရဲ့ သားဖြစ်သူသေဆုံးကာ မိသားစု ၄ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ပုံစာ - ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပုဇွန်မြောင်းရွာအနီး စစ်တပ်တံတားစစ်ဆေးရေးဂိတ်။

စာတည်း‌ - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #စစ်ကောင်စီ #ဒရုန်းဗုံး #တိုက်ခိုက်မှု #စစ်ကောင်စီတပ် #ထိခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10