ညောင်ဦးမြို့ထဲမှာ ကင်းပတ်နေတဲ့ရဲတွေပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ညောင်ဦးမြို့ထဲမှာ ကင်းပတ်နေတဲ့ရဲတွေပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ အမှတ်(၇) ဝက်ကြီးအင်းရပ်ကွက်၊ အလိုတော်ပြည့်ဘုရားအနီး၊ အနော်ရထာလမ်းမကြီးပေါ်မှာ  ကင်းပတ်နေတဲ့ရဲတွေ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးသွားတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့မနက် ၉ နာရီကျော်ခန့်မှာ ညောင်ဦးနယ်မြေရဲစခန်းက ဒုရဲအုပ် ၁ ဦးအပါအဝင် ယူနီဖောင်းဝတ် ရဲ ၃ ဦးဟာ ဆိုင်ကယ်တွေနဲ့ကင်းပတ်နေစဥ် အလိုတော်ပြည့်ဘုရားအနီးအရောက် လက်နက်ကိုင်အဖွဲ့တခုက ကားပေါ်ကနေ သေနတ်တွေနဲ့ဝိုင်းပစ်သွားတယ်လို့ ဆိုပါတယ်။

"တော်လှန်ရေးအဖွဲ့တွေက အဲနားကနေစောင့်နေပြီးတော့ သူတို့ကင်းပတ်နေကျတာကို ပစ်သွားတာ။ ရဲနှစ်ယောက်ကျတယ်လို့ကြားတယ်။ ညောင်ဦးစခန်းကရဲတွေပါ။ သူတို့ပုံမှန်ကင်းပတ်နေကျအချိန်မှာ PDF တွေကချောင်းပစ်သွားတာပါ။ "လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးကပြောပါတယ်။

သေနတ်သမားတွေရဲ့ပစ်ခတ်တာကိုခံရလို့ ညောင်ဦးနယ်မြေရဲစခန်းက ရဲတပ်ကြပ် ခင်မောင်မြင့်နဲ့ ရဲတပ်သား ရီဝေဦးတို့မှာ နေရာမှာပင်သေဆုံးသွားပြီး ဒုရဲအုပ်တဦးကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ကင်းပတ်နေတဲ့ရဲတွေကို ပစ်ခတ်ခဲ့တဲ့အဖွဲ့ဟာ ဘယ်အဖွဲ့ကဆိုတာ မသိရသေးဘဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်း သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

ရဲတွေပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်က မြို့ဝင်မြို့ထွက်တွေပိတ်ပြီး စစ်ဆေးရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။

ပုံစာ - ညောင်ဦးမြို့ထဲ စစ်ဆေးရေးလုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်အချို့(ပုံဟောင်း)

စာတည်း - ကိုချမ်း

#မြေလတ်အသံ

#မန္တလေး #ညောင်ဦး #ဝက်ကြီးအင်း #အလိုတော်ပြည့်ဘုရား #အနော်ရထာလမ်းမ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10