ညောင်ဦးက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်မှာ ပစ်သတ်ခံရ

ညောင်ဦးက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်မှာ ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကြို့ပင်သာကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်မှာ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၈ ရက်ည ၉ နာရီခန့်မှာ အသက် ၆၂ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းဟာ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"သေနတ်သမားတွေက သူ့ကိုလာပစ်တော့ ထွက်ပြေးသေးတယ်။ မလွတ်လို့ သူ့အိမ်အနီးမှာပဲ ပစ်သတ်ခံလိုက်ရတယ်။"လို့ ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရလို့ ဦးသိန်းထွန်းဟာ ရင်ဘတ်နဲ့နောက်ကျောမှာ ကျည်ထိမှန်ဒဏ်ရာတွေရရှိပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်တရက် ဇူလိုင် ၁၉ ရက်မှ စစ်ကောင်စီအဖွဲ့တွေက လာရောက်စစ်ဆေးခဲ့ပြီး  အလောင်းကို ညောင်ဦးဆေးရုံကိုအရင်ယူသွားကာ အဲ့ဒီနောက်မှ နေအိမ်ကိုပြန်ပို့ပေးခဲ့ပြီး နာရေးလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးဦးသိန်းထွန်းဟာ ပြည်သူ့စစ်အကြောင်းပြပြီး ပြည်သူအပေါ် မတရားငွေကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃ က သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးဟာ မိသားစုဝင်တွေနဲ့ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ဝင်ပစ်ခတ်လို့ အုပ်ချုပ်ရေးမှူးနဲ့ သားသမီး ၂ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ညောင်ဦး #ကြို့ပင်သာ #အုပ်ချုပ်ရေးမှူး #အသတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10