ညောင်ဦးမှာ စက်သုံးဆီဆိုင်ပိုင်ရှင်အမျိုးသမီး ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရ

ညောင်ဦးမှာ စက်သုံးဆီဆိုင်ပိုင်ရှင်အမျိုးသမီး ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက်ကားလမ်းမပေါ်ရှိ မီးလောင်ဖျား(မြောက်)ကျေးရွာအနီး စက်သုံးဆီဆိုင်မှာ ဆိုင်ပိုင်ရှင်အမျိုး သမီး ၂ ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူတွေဟာ မီးလောင်ဖျား(မြောက်)ရွာနေ “မေရီမြင့်” စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် အသက် ၆၁ နှစ် အရွယ် ဒေါ်ရီရီမြင့်နဲ့ တူမဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်ချောစုတို့  ၂ ဦးဖြစ်ပြီး ဒီဇင်ဘာ ၇ ရက် ည ၈ နာရီကျော်မှာ အမည်မသိသေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားခဲ့တာလို့ ဆိုပါတယ်။

" သေနတ်သမားအချို့က ဘယ်သူတွေဆိုတာတော့မသိသေးဘူး။ ဒေါ်ရီရီမြင့်နဲ့သူ့တူမ ခေါ်မှာပေါ့ နှစ်ယောက်ကို ပစ်သတ်သွားတာ။ သူတို့ကဆိုင်မှာပုံမှန်မရှိဘူး။ လာချင်မှလာတာ။ ဆိုင်ဝန်ထမ်းကတယောက်လောက်ဘဲရှိတာ "လို့ ညောင်ဦးဒေသခံတဦးက ပြောပါတယ်။

သေနတ်သမားတွေပစ်ခတ်သွားလို့ ဒေါ်ရီရီမြင့်မှာ ဦးခေါင်းနောက်စေ့ ဖောက်ထွက်ဒဏ်ရာ၊ ဒေါ်ချောစုမှာ ဦး ခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာ၊  (ယာ)မေးရိုးဖောက်ဝင် ဒဏ်ရာတွေနဲ့ နေရာမှာပင်သေဆုံးသွားခဲ့ပြီး ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်စစ်ဆေးကာ အလောင်းတွေ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

စက်သုံးဆီပိုင်ရှင် ဒေါ်ရီရီမြင့်နဲ့ ၎င်းရဲ့သားဖြစ်သူတို့ဟာ မူးယစ်ဆေးရောင်းချတာနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး လုပ်ငန်းတွေလုပ်ကိုင်နေကြောင်း သတင်းတွေထွက်ပေါ်နေတာကြောင့် တော်လှန်ရေးအဖွဲ့တွေဘက်က စောင့်ကြည့်နေချိန်မှာ အခုလိုအသတ်ခံလိုက်ရတာလို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက် ညပိုင်းကလည်း ညောင်ဦးမြို့နယ်၊ ကူတောကျေးရွာနေ ကူတောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုဇော်လွင်ဦးကို 21 Bagan People Defense Force အဖွဲ့က နေအိမ်မှာပစ်ခတ်ရှင်းလင်းခဲ့လို့ သေဆုံးခဲ့သေးတယ်လို့ ပစ်ခတ်ခဲ့တဲ့အဖွဲ့ထံက သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #ညောင်ဦး #စက်သုံးဆီဆိုင် #အမျိုးသမီး #ပစ်သတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10