ညောင်ဦးမှာ မိုးသက်လေပြင်းကြောင့် ကားလမ်းရေကျော်တာနဲ့ သစ်ပင်ပိလို့နေအိမ်ပျက်စီးမှုတွေရှိ

ညောင်ဦးမှာ မိုးသက်လေပြင်းကြောင့် ကားလမ်းရေကျော်တာနဲ့ သစ်ပင်ပိလို့နေအိမ်ပျက်စီးမှုတွေရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှာ မိုးသက်လေပြင်းကျရောက်ပြီး ကားလမ်းရေကျော်တာနဲ့ နေအိမ်သစ်ပင်ပိတာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၂ ရက်နေ့ ည ၁၀ နာရီခန့်လောက်ကစ၍ မိုးရွာသွန်းမှုများခဲ့ပြီး လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်ခဲ့လို့ ညောင်ဦးမြို့ပေါ်ရပ်ကွက်အချို့မှာ သစ်ပင်လဲတာနဲ့ မင်းနန်သူကျေးရွာနားမှာ ကားလမ်းရေကျော်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။


"မိုးက ဖွဲဖွဲစရွာပြီး ညနက်ပိုင်းမှ မိုးရွာတာများလာတယ်။ ဒီမနက်မှာတော့ မိုးကတိတ်သွားပြီ။ လေကတော့တချက်ချက်ပါတယ်။ လေကြောင့် မြို့ပေါ်က သက်တမ်းရင့်အပင်ကြီးအချို့ လဲတယ်။ မိုးရွာတာများလို့ ပုဂံ-ညောင်ဦးသွားလမ်း မင်းနန်သူရွာနားမှာ ကားလမ်းရေကျော်တာတွေရှိတယ်။ အဲလမ်းပိုင်းကတော့ မိုးရွာတယ်ဆိုတာနဲ့ ရေကျော်လေ့ရှိတယ်။ မနှစ်က ချောင်းချဲ့ထားတော့ နည်းနည်းတော့သက်သာတယ်။" လို့ ပြောပါတယ်။

မိုးရွာလေတိုက်တာကြောင့် ညောင်ဦးမြို့ပေါ် အမှတ် ၄ ရပ်ကွက်၊ မှန်ချိုရပ်က သက်တမ်းရင့်မန်ကျည်းပင်လဲလို့ နေအိမ် ၁ လုံးနဲ့ဂိုဒေါင်တလုံး ပျက်စီးသွားသလို မြို့ပေါ်ကနေရာအချို့မှာ သစ်ပင်လဲတာတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မင်းနန်သူကျေးရွာနား ကားလမ်းရေကျော်ပြီး ကား ၂ စီးရေနစ်နေလို့ ဒေသမီးသတ်အဖွဲ့နဲ့ပြည်သူတွေက ကူညီပေးခဲ့ရသေးတယ်လို့ သိရပါတယ်။

ညောင်ဦးမြို့နယ်ထဲမှာ မိုးရွာလေပြင်းတိုက်မှုနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု အခြေနေအသေးစိတ်ကို မြေလတ်အသံက ထပ်မံစုံစမ်းနေပါတယ်။

စာတည်း-007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10