သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ယနေ့ ဇူလိုင် ၁၉ ရက်မှာကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တနေရာမှာ PDFတပ်ဖွဲ့ ၄ ဖွဲ့နဲ့အတူ ပြည်သူ ၁၀၀ ကျော်က ကျင်းပခဲ့တယ်လို့ Bagan Ogre Force က ပြောပါတယ်။
အခမ်းအနားမှာ "ပြည်ထောင်စုဖက်ဒရယ် အလံအားအလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ၉ ဦးအား အလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသော သူရဲကောင်းများအား အလေးပြုခြင်း၊ CDM ဆရာဆရာမများက ကျောင်သားကျောင်းသူများအား အာဇာနည်နေ့ အကြောင်းရှင်းပြခြင်း" စတာတွေကို ပြုလုပ်ခဲ့ကြတယ်လို့ Bagan Ogre Force ပြန်ကြားရေးတာဝန်ခံ ဇီးကွက်က ပြောပါတယ်။
အာဇာနည်နေ့ အလေးပြုခြင်း အခမ်းအနားကို Bagan Ogre Force၊ ပုပ္ပါးတိုက်နယ်ပကဖ (Popa production & Guerilla Force)၊ MGN 9 star PDF၊ Royal Brother defense force တို့က ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။
တည်းဖြတ် - ဇို
#မြေလတ်အသံ
#ညောင်ဦး #PDF #၇၆နှစ်ပြည့် #အာဇာနည်နေ့ #ကျင်းပ
Share Share Share