တကောင်းမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

တကောင်းမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့လမ်းဆုံမှာ တကောင်းမြို့မရဲစခန်းက ရဲတပ်သား ၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒီရှင်းလင်းမှုကို လုပ်ဆောင်ခဲ့တဲ့ ဒေသကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၉ ရက် မနေ့မနက် ၇ နာရီလောက်မှာ တကောင်းလမ်းဆုံ စစ်ဆေးရေးဂိတ်ကနေ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ရဲတပ်သား ဇော်ဇော်အောင် ၂၇ နှစ်ကို အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"တကောင်းလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ ရဲတွေက လေးငါးဦးလောက်ရှိတတ်တယ်။ စကစ အဖွဲ့တွေတော့မရှိဘူး။ အမှန်က ကျနော်တို့ဘက်က ဂိတ်ကိုပစ်ဖို့သွားတာ၊ သူတယောက်တည်း အရင်ထွက်လာတော့ သူကို ရှင်းခဲ့လိုက်တာ"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ရဲတပ်သား ဇော်ဇော်အောင်မှာ ဦးခေါင်းနဲ့ခန္ခာကိုယ်မှာ ကျည်ထိဒဏ်ရာတွေရရှိပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်ပြီးချိန်မှာတော့ ရဲတပ်သားဆီမှာပါလာတဲ့ သေနတ် ၁ လက်နဲ့ကျည်ဆံ ၄၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီအဖွဲ့တွေက တကောင်းမြို့ထဲကနေထွက်လာပြီး လမ်းဆုံမှာ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ညကလည်း သပိတ်ကျင်းမြို့နယ်၊ ငတက်အိုင် ကျေးရွာအုပ်ချုပ်ရေးမှူး အောင်ပုဆိုသူဟာ နေအိမ်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #သပိတ်ကျင်း #တကောင်း #ရဲတပ်သား #ရှင်းလင်းခံရ #ဒေသခံကာကွယ်ရေးတပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10