တက္ကသိုလ်ကျောင်းသားတွေ ကျောင်းမတက်ဘဲ ဆက်လက်သပိတ်မှောက်ဖို့ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ထောင်ထဲကနေတောင်းဆို

တက္ကသိုလ်ကျောင်းသားတွေ ကျောင်းမတက်ဘဲ ဆက်လက်သပိတ်မှောက်ဖို့ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ထောင်ထဲကနေတောင်းဆို

တရားစီရင်ရေးကိုအယုံအကြည်မရှိကြောင်းနဲ့ တက္ကသိုလ်ကျောင်းသားတွေ ကျောင်းမတက်ပဲ ဆက်လက်သပိတ်မှောက်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒုဥက္ကဌ ကိုထက်အောင်က ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်ထောင်ထဲကနေ သူ့ရဲ့ နိုင်ငံရေးမိတ်ဆွေတွေဆီကနေ သတင်းပါးလိုက်လို့သိရပါတယ်။

"၂၀၀၈ အ​ခြေခံဥပ​ဒေ​အောက်က ဆင်းသက်တဲ့ တရားစီရင်​ရေးစနစ်ကို အယုံအကြည်မရှိ သပိတ်​မှောက် ထားသည်။" လို့ ပြောဆိုထားပါတယ်။

ဒုတိယအချက်အနေနဲ့ တက္ကသိုလ်ကျောင်းသားတွေ ကျောင်းမတက်ပဲ ဆက်လက်သပိတ်မှောက်ဖို့ကိုလည်း "ဒီအ​ရေး​တော်ပုံ​ကြောင့် အသက်စ​တေးခဲ့ရတဲ့ ​ကျောင်းသားရဲ​ဘော်​တွေ၊​ ထောင်​ထဲ​ရောက်​နေတဲ့​ ကျောင်းသားရဲ​ဘော်​တွေနဲ့ တသားတည်းရပ်တည်တဲ့အ​နေနဲ့ ၆ ရက်​နေ့ တက္ကသိုလ်ပြန်ဖွင့်ရင် မတက်​ရောက်ဘဲ သပိတ်​မှောက်ကြ" ဖို့ ဗကသများ အဖွဲ့ချုပ် ဒုဥက္ကဌ ကိုထက်အောင်က တိုက်တွန်းထားပါတယ်။

ကိုထက်အောင်မှာ ပြည်ခရိုင်း၊ ပေါင်းတည်မြို့နယ်မှာနေထိုင်ကာ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်းတဦးဖြစ်ပြီး၊ ရခိုင်ပြည်နယ်အတွင်းက ပြည်တွင်းစစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့်၂၀၂၀ အောက်တိုဘာလက ဖမ်းဆီးထိမ်းသိမ်းခံရကာ၊ အာဏာသိမ်းပြီး ၅ လအကြာမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး၊ စက်တင်ဘာလ ၆ ရက်နေ့က ထပ်မံဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10