သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ နိုဝင်ဘာ ၁ ရက် မနက်အစောပိုင်းကစလို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြန်ဖြစ်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၁၆ ရက်မှာစတင်ခဲ့တဲ့ ပထမအကြိမ် အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စက်တင်ဘာ နောက်ဆုံးပတ်မှာတော့ ၂ ဖက်ပစ်ခတ်မှုတွေ ရပ်စဲခဲ့ပြီး အခုလမှာပစ်ခတ်မှုတချို့ ပြန်လည် စတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက စစ်တပ်ကုန်း၊ ဘုရားကုန်း၊ မြို့မဘုန်းကြီးကျောင်း စတဲ့ ၃ နေရာမှာသာ ကျန်ရှိတော့တာလို့ ဆိုပါတယ်။
“ဒီနေ့မနက်လည်း တိုက်ပွဲတွေက ဆက်ပြီးတော့ ဖြစ်ပွားနေတယ်၊ အထိခိုက်တွေကတော့ရှိတယ်၊ ကိုယ့်ဘက်ကလည်းထိတယ်၊ **ဘက်ကလည်း ကျမှာပေါ့၊ ၂ ဖက် အထိခိုက်တွေကတော့ ရှိတယ်။”လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။
လက်ကျန် တပ်စွဲနေရာ ၃ ခုထဲက မြို့မဘုန်းကြီးကျောင်းထဲမှာတော့ ပြည်သူ ၃၀၀ ကျော် ရှိနေဆဲ ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအနေနဲ့ ပိတ်ထားတယ်လို့ သိရပါတယ်။
တကျော့ပြန် အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်တွေဘက်က ဒုတပ်ရင်းမှူး ၁ ဦးနဲ့ ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ရဲဘော်တွေရဲ့အချက်လက်ကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီမြို့သိမ်းတိုက်ပွဲကို ABSDF၊ KIA၊ PDF နဲ့ နယ်မြေခံအဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ဆောင်နေတာပါ။
တိုက်ပွဲပြန်စတင်တဲ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းနဲ့ ၂ ရက်နေ့လယ်ပိုင်းတွေမှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကာ ထိခိုက်ပျက်စီးမှုအခြေနေကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ပထမအကြိမ် အင်းတော်မြို့သိမ်းတိုက်ပွဲစတင်ခဲ့ချိန်ကနေ သြဂုတ် ၂၄ ရက်အတွင်းမှာလည်း နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားရွာအဝင် ဂိတ်စခန်း၊ နဘားဘုန်းကြီးကျောင်း စစ်ကောင်စီ စခန်းနဲ့ ရဲစခန်းတို့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ပထမအကြိမ် မြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသည့် အင်းတော်မြို့။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #အင်းတော် #တိုက်ပွဲ #တကျော့ပြန်
Share Share Share