တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင် ဗျူဟာ ၅၂ က ရဲဘော် ၁၅ ဦးကျဆုံး

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင် ဗျူဟာ ၅၂ က ရဲဘော် ၁၅ ဦးကျဆုံး

၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဗျူဟာ ၅၂ က ရဲဘော် ၁၅ ဦး ကျဆုံးခဲ့တယ်လို့ ဗျူဟာ ၅၂ ရဲ့ တာဝန်ခံဆီက သိရပါတယ်။

ဇွန် ၂၅ ရက်မှာစတင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းနယ်စပ်မှာ မြို့သိမ်းတိုက်ပွဲတွေ‌ ဖော်‌ဆောင်နေကာ ရဲဘော်တွေကတော့ စဉ့်ကူး၊ မတ္တရာနဲ့ သပိတ်ကျင်းတိုက်ပွဲတွေမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“ရဲဘော်တယောက် ကျသွားလို့ ရက်လည်က မပြီးသေးဘူး နောက်တယောက်က ထပ်ကျသွားပြန်ပြီ။ အဲ့လောက်ထိကို ဖြစ်တယ်ဗျ။ ရင်း ၇ တခုထဲတင် ၆ ယောက် ကျတယ်။” လို့ ရွှေဘိုခရိုင် ဗျူဟာ ၅၂ တာဝန်ခံက ပြောပါတယ်။

လမ်းခရီးခက်ခဲတဲ့အတွက် ကျဆုံးရဲဘော်တွေရဲ့ ရုပ်အလောင်းကို မိခင်တပ်ရင်းဆီ ပြန်မပို့ဘဲ တိုက်ပွဲကျရာဒေသမှာပဲ မီးရှို့သင်္ဂြိုဟ်ပြီး တပ်ရင်းမှာတော့ ကျဆုံးရဲဘော်တွေရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို အသုံးပြုပြီး ဈာပနအခမ်းအနားကျင်းပကာ အာဇာနည်ဗိမာန် ဆောက်လုပ်ပေးတယ်လို့ ဆိုပါတယ်။ 

ရွှေဘိုခရိုင် ဗျူဟာ ၅၂ ဟာ တန့်ဆည် တပ်ရင်း ၇၊ ၈၊ ၁၀၊ ၁၆ တပ်ရင်း ၄ ရင်းကို စုဖွဲ့ထားတာဖြစ်ပြီး ဗျူဟာစစ်ကြောင်းဖွဲ့ပြီးနောက် ကျဆုံးရဲဘော် အရေအတွက်ဟာ ၃၀ နီးပါး ရှိနေပြီလို့ ဆိုပါတယ်။  

၁၀၂၇ တကျော့ပြန် စစ်ဆင်ရေးရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ နယ်မြေခံလူမျိုးစုတပ်ဖွဲ့တွေ၊ နယ်မြေခံတပ်ရင်းတွေနဲ့အတူ အညာဒေသကရဲဘော်တွေလည်း ပါဝင်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွှေဘိုခရိုင် တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆ စတဲ့ တပ်ရင်း ၄ ရင်းကို စုဖွဲ့ထားတဲ့ ဗျူဟာ ၅၅ မှာလည်း ၁၀၂၇ တကျော့ပြန် စစ်ဆင်ရေးအတွင်း ရဲဘော် ၃၅ယောက် ကျဆုံးထားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘိုခရိုင်ဗျူဟာ၅၂ #ရဲဘော်ကျဆုံး #၁၀၂၇ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10