တင်းဂတ်ရွာ စစ်တပ်ဂိတ် ဗုံးကြဲခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂတ်ရွာမှာ အင်အား ၃၀ ကျော်နဲ့ ဆပ်ကြေးကောက်နေတဲ့ စစ်ကောင်စီဂိတ်ကို ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ဒဏ်ရာရတယ်လို့ THU RAIN TR အဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၄ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်‌လောက်မှာ တင်းဂတ်ရွာအနီးရှိ စစ်ကောင်စီဂိတ်ကို ဒရုန်းအသုံးပြုပြီး 1 kg ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

"ဂိတ်ရှေ့တည့်တည့်ကော ဘန်ကာထဲကောကျတာ မြင်နေရတယ်၊ ပျူ** ၂ ကောင်ကတော့ ဒဏ်ရာအပြင်းအထန်ရပြီး ချက်ခြင်းပခုက္ကူဆေးရုံကြီးကိုသွားပြီးတော့ ဆေးကုနေတယ်၊ သေလားမသေလားတော့ ကျနော်တို့လည်း မသိရသေးဘူး၊ သူတို့ဘက်လည်း လက်နက်ငယ် လက်နက်ကြီးတွေနဲ့တော့ မနားမနေပြန်ပစ်တယ်" လို့ THU RAIN TR တာဝန်ခံက ပြောပါတယ်။ 

အဲ့ဒီဂိတ်ကို ဦးဆောင်သူဟာ တင်းဂတ်ရွာက ပျူစောထီးခေါင်းဆောင် မြင့်ကြည့်ဆိုသူဖြစ်ပြီး တပ်မ ၁၀၁ က စစ်သားတွေနဲ့ပေါင်းကာ လမ်းသွားလမ်းလာ ပြည်သူကားတွေကို ငွေတောင်းတာတွေလုပ်နေတာလို့လည်း ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို THU RAIN TR၊ မြိုင်ပကဖ (၁)နဲ့ Black Cobra တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ကောင်စီ #ဗုံးကြဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10