သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၃၆ လမ်း၊ ၇၀-၇၁ လမ်းကြားရှိ တည်းခိုခန်း ၁ ခုတွင် မျက်နှာဖူးယောင်၊ မေးရိုးပြုတ်ဒဏ်ရာတွေနဲ့ အမျိုးသမီး ၁ ဦး သေဆုံးလျက်တွေ့ရှိတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီခန့်မှာ အဆိုပါတည်းခိုခန်းရှိ အခန်း ၁ ခုမှာ တည်းခိုနေထိုင်နေတဲ့ အသက် ၂၇ နှစ်အရွယ် တမူးလိပ်စာပါ အမျိုးသမီး ၁ ဦးဟာ အခန်းအတွင်းမှာ အဝတ်ဗလာနဲ့သေဆုံးနေတာကို တည်းခိုခန်း ဝန်ထမ်းတွေက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
"တည်းခိုခန်းမှာ အချိန်ပိုင်းလာတည်းရင်းနဲ့ ကောင်လေးက အောက်ဆင်းလာပြီးတော့ တညလုံးယူမယ်လို့ ပြောပြီးထွက်သွားတာ။ ပြန်မလာလို့တည်းခိုခန်းက မသင်္ကာလို့ ဖွင့်ကြည့်မှာ (မိန်းကလေး)သေနေတာတွေ့ရတာ" လို့ ဒေသခံတဦးက ပြောပါတယ်။
တည်းခိုခန်းမှာလာတည်းတဲ့ သေဆုံးသူအမျိုးသမီးနဲ့ အမျိုးသားဟာ ညနေ ၄ နာရီခန့် ကတည်းက တည်းခိုခန်းမှာ အချိန်ပိုင်းလာတည်းနေတာဖြစ်ပြီး အလောင်းကိုတော့ ည ၈ နာရီကျော်မှာတွေ့ရတယ်လို့ သိရပါတယ်။
သေဆုံးသူအမျိုသမီးမှာ မျက်နှာပြင်တခုလုံး ထိုးကြိတ်ရိုက်နှက်ထားတဲ့ဒဏ်ရာကြောင့် မျက်နှာပြင်ဖူးယောင်၊ မေးရိုးပြုတ်ထွက်ပြီး သေဆုံးနေတာလို့ သိရပါတယ်။
တခန်းတည်းအတူလာတည်းတဲ့ အမျိုးသားကတော့ တည်းခိုခန်းကထွက်သွားပြီးကတည်းက ပျောက်ဆုံးနေပြီး ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဆိုပါတယ်။
သေဆုံးသူအမျိုးသမီးရဲ့အလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မန္တလေးတိုင်း #တည်းခိုခန်း #မေးရိုးပြုတ် #အမျိုးသမီး
Share Share Share