တနိုင်ငံလုံးမိုးကြီးနိုင်ပြီး ၂၄ နာရီအတွင်း လေရှီးနဲ့လဟယ်မြို့က ဒေသခံတွေနေရာရွှေ့ပြောင်းဖို့လိုအပ်

တနိုင်ငံလုံးမိုးကြီးနိုင်ပြီး ၂၄ နာရီအတွင်း လေရှီးနဲ့လဟယ်မြို့က ဒေသခံတွေနေရာရွှေ့ပြောင်းဖို့လိုအပ်

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးနဲ့ လဟယ်မြို့ကြားက တောင်ကြောမှာ မိုးအလွန့်အလွန်များနိုင်တာကြောင့် ဒေသခံတွေသတိပြုရွှေ့ပြောင်းဖို့လိုအပ်တယ်လို့ အောက်တိုဘာ ၁ ရက် ဒီကနေ့မနက်အစောပိုင်းမှာ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

အောက်တိုဘာ ၂ ရက်ကနေ ၃ ရက်အထိ ၂၄ နာရီအတွင်း မိုးများနိုင်တာကြောင့် အဲ့ဒီဒေသမှာ လုပ်ငန်းတွေနဲ့ လူနေအိမ်အဆောက်အဦတွေရှိရင် ကယ်ဆယ်ပြောင်းရွှေ့ကြဖို့ သတိပေး ရေးသားထားတာဖြစ်ပါတယ်။ 

မိုးလေဝသ လေ့လာသူတဦးဖြစ်တဲ့ မစုစုစံကလည်း ၂၄ နာရီအတွင်း ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတွေနဲ့ ကရင်၊ မွန်၊ ကယား၊ ရှမ်းပြည်နယ်တွေအပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ နေပြည်တော်မှာ မိုးရွာသွန်းနိုင်ပြီး ရွှေဘို၊ မုံရွာ၊ မန္တလေး၊ မိတ္ထီလာနဲ့ ပြင်ဦးလွင်ခရိုင်တွေအပြင် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးကြီးရေလျှံနိုင်တယ်လို့ ရေးသားထားပါတယ်။ 

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း စက်တင်ဘာ ၃၀ ရက် နေ့လယ် ၁၂ ခွဲအချိန် တိုင်းထွာချက်တွေအရ  ၅ ရက်အတွင်း တနင်္သာရီတိုင်းကလွဲလို့ မြန်မာနိုင်ငံအနှံ့ မိုးထစ်ချုန်းရွာတာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ လေပြင်းတိုက်တာတွေဖြစ်နိုင်ပြီး ကုန်းမြင့်ဒေသနဲ့ မြစ်ချောင်းနားနေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ ရေကြီးမှုအန္တရာယ်တွေကို သတိပြုရှောင်ရှားကြဖို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်ကလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ဝုထကျေးရွာမှာ တောင်ကျချောင်းရေကြောင့် မြေပြိုမှုဖြစ်ပြီး အသက် ၉ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေး ၃ ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတဦးတို့ သေဆုံးခဲ့ပါသေးတယ်။ 

#မြေလတ်အသံ

#စစ်ကိုင်း #နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ #လေရှီး #လဟယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10