တန့်ဆည်မြို့ပေါ်မှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး၊ ပြည်သူအချို့ဒဏ်ရာရ

တန့်ဆည်မြို့ပေါ်မှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး၊ ပြည်သူအချို့ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၂၅ ရက် ဒီမနက် ၅ နာရီလောက်မှာ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

မြို့တွင်းစစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်သားတွေကို တန့်ဆည်မြို့တောင်ပိုင်း စျေးသစ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး မိုင်းစထိမှန်လို့ လမ်းသွားလမ်းလာ အမျိုးသမီး ၃ ဦးလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

“မြို့ပေါ်မစ်ရှင်ဖြစ်တဲ့အတွက် ပြည်သူတွေ အထိအခိုက်အနည်းငယ်ရှိခဲ့ပါတယ်"လို့ မြေပြင်အခြေအနေကို သိရှိတဲ့ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။ 

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေဟာ တန့်တည်မြို့ပေါ်က ရွှေဗိမ္မာန်ခန်းမကို မီးရှို့ဖျက်ဆီးခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD လွှတ်တော်အမတ်တဦးရဲ့ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၄ ရက်မနေ့ နေ့လယ်ကတည်းက ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာဘက်ကနေ တန့်ဆည်မြို့ထဲကို အင်အား ၁၈၀ လောက်နဲ့ ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိအချိန်ထိ တန့်ဆည်မြို့၊ ရသစ်ရပ်ကွက်ထဲမှာ ရှိနေတာကြောင့် အခြေအနေကို စောင့်ကြည့်နေရတယ်လို့ အထက်ပါရဲဘော်က ပြောပါတယ်။ 

"စစ်ကြောင်းထိုးဖို့ လာတာလို့ရော၊ မြို့လုံခြုံရေးလာတယ်လို့ရော သတင်းတွေအများကြီးပြန့်နေတယ်။ အခြေအနေ စောင့်ကြည့်နေရတယ်" လို့ ဆိုပါတယ်။ 

ပူးပေါင်းတိုက်ခိုက်တဲ့ အဖွဲ့တွေကိုတော့ လုံခြုံရေးအရ ဖော်ပြပြောဆိုခြင်းမရှိသေးပါဘူး။ 

စက်တင်ဘာ ၂၁ ရက် ညပိုင်းကလည်း တန့်တည်မြို့ပေါ်က စစ်ကောင်စီလက်အောက်ခံရုံးတွေနဲ့ စစ်တပ်တပ်စွဲထားတဲ့နေရာအချို့ကို ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #တန့်ဆည် #စစ်ကောင်စီ #တိုက်ခိုက် #ပြည်သူ #ထိခိုက် #သေဆုံး #စစ်သား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10