တပတ်အတွင်း နိုင်ငံတဝှမ်း တိုက်ပွဲ ၁၁၂ ကြိမ်နဲ့ ဗုံးပေါက်ကွဲမှု ၅၁ ကြိမ်ဖြစ်ပွား

တပတ်အတွင်း နိုင်ငံတဝှမ်း တိုက်ပွဲ ၁၁၂ ကြိမ်နဲ့ ဗုံးပေါက်ကွဲမှု ၅၁ ကြိမ်ဖြစ်ပွား

မတ်လ ၂၇ ရက်ကနေ ဧပြီ ၂ ရက်နေ့အထိ တပတ်အတွင်း နိုင်ငံတဝှမ်းမှာ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ( သို့ ) တိုင်းရင်သားလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၁၁၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအသံ - Karenni’s Voice က ဧပြီ ၅ ရက်မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲအရေအတွက် ၃၀ ကျော်နဲ့ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး၊ ကရင်ပြည်နယ်မှာတော့ အနည်းဆုံး ၁၄ ကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲမဟုတ်ပဲ ဗုံးပေါက်ကွဲမှု အနည်းဆုံး ၅၁ ကြိမ်ရှိခဲ့ပြီး ဒီပေါက်ကွဲမှုဟာ အရင်တပတ်ကထက် ၂ ဆနီးပါးမြင့်တက်လာခဲ့တယ်လို့ ဆိုထားပြီး၊ ရန်ကုန်တိုင်းမှာတော့ ၂၆ ကြိမ်နဲ့ အများဆုံးဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲ့ဒီထဲမှာ ဘယ်အဖွဲ့အစည်းက ဖောက်ခွဲမှန်းမသိရတဲ့ ပေါက်ကွဲမှု ၁၇ ကြိမ်ရှိခဲ့ပြီး၊ ဒီပေါက်ကွဲမှုတွေအတွင်း အရပ်သား ၃ ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၂၈ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရော်ဘတ်နှစ်ခြင်းဘုရားကျောင်းအနီး ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီး တဦး သေဆုံးခဲ့သလို မတ်လ ၃၀ ရက်မှာလည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိစံပြရွာမှာ ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

#မြေလတ်အသံ

 Catagori

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10