တပူပေါ် နှစ်ပူဆင့်နေတဲ့ စစ်ရှောင်အရေး (ရုပ်/သံ)

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်းက စစ်ပွဲ နဲ့ မီးရှို့ခံရမှုကြောင့် ဒုက္ခသည်ဦးရေ အများဆုံးအဆင့် ဖြစ်ခဲ့တာဟာ လက်ရှိ ၂၀၂၃ နှစ်စပိုင်းအထိ စစ်ရှောင်ဦးရေတွေ နဲ့ မီးဘေးသင့် ပြည်သူတွေဟာ တနေ့တခြား တိုးလာနေဆဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ မီးရှို့ခံရမှုနဲ့ တိုက်ပွဲတွေကြောင့် ပိုတိုးလာနေတဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီထောက်ပံ့နေပေးနေတဲ့ အဖွဲ့အစည်းတွေမှာလည်း အခက်အခဲတွေ ရှိလာနေပါပြီ။


အဲ့ဒီလို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေထဲကမှ စစ်ဘေး မီးဘေး ပညာရေး ကူညီပေးနေတဲ့ S&C အဖွဲ့လည်း ပါဝင်ပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းထဲမှာ အာဏာသိမ်းမှုနောက်ဆက်တွဲအနေနဲ့ ဒုက္ခတွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြည်သူတွေကို နိုင်သလောက်အားနဲ့ ကူညီထောက်ပံ့နေကြတဲ့ ပြည်တွင်းအလှူရှင်တွေဟာလည်း တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ တောင့်ခံမထားနိုင်တော့တဲ့ အခြေအနေတခုကို ရင်ဆိုင်နေရပါပြီ။

သတင်းအပြည့်အစုံကို မြေလတ်အသံ ရုပ်သံမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10