တပ်ကူလာသူတွေနဲ့ သွားကြိုတဲ့စစ်အုပ်စု ၂ ခုလုံးကို ကြားဖြတ်တိုက်ခိုက်လို့ သေဆုံးမှုများနိုင်( ရုပ်/သံ)

မကွေးတိုင်း‌ ရေစကြိုဘက်ကနေ အင်အားဖြည့်ဖို့ထွက်လာတဲ့ ခြေလျင်စစ်ကြောင်းကို မေလ ၆ ရက် ညနေပိုင်းမှာ စောင့်ကြိုပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ များနိုင်တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်နယ်ထဲက ကျောက်ရစ်ရဲစခန်းကို အင်အားလာဖြည့်တဲ့ စစ်သား ၃၀ ဝန်းကျင်ကို အင်အား ၇၀ ဝန်းကျင်နဲ့ သွားကြိုရာမှာ သနပ်ကုန်းကျေးရွာ တံတားအနီးမှာ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။


"ရေစကြိုမြို့ ရုံးပေါင်းစုံဝန်းထဲကနေ ကျောက်ရစ်ရဲစခန်းကို အင်အားဖြည့်ဖို့လာတာ။ ကျနော်တို့စောင့်ပြီး ပခုံးထမ်းတွေ မောင်းပြန်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ။ သေဆုံးမှုအနည်းဆုံး ၂၀ လောက်ရှိနိုင်ပါတယ်။ အတိအကျတော့ မသိရသေးဘူး"လို့ ပြောပါတယ်။

တိုက်ပွဲချိန်က ၁ နာရီဝန်းကျင်ကြာခဲ့ပြီး တိုက်ပွဲအနီးမှာပဲ စစ်အကောင်စီဘက်က သေတဲ့အလောင်းတွေကို မီးသင်္ဂြိုလ်ခဲ့သလို ကျောက်ရစ်ရဲစခန်းထဲကို မသွားတော့ဘဲ ထိခိုက်ဒဏ်ရာရသူတွေကို စက်လှေ ၃ စီးနဲ့ ရေစကြိုဘက်ကို ပြန်သွားတယ်လို့ ဖရဲသီး သတင်းပေးချက်အရ သိရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)၊ People Spirit Force (PSF)၊ MGN 9 Stars၊ Royal Brother Defence Force နဲ့ မဟာမိတ် တပ်ရင်းတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10