တပ်ချိန်းပြီး ပြန်လာတဲ့ စစ်ကား ၃ စီး မိုင်းဆွဲခံရလို့ ၈ ဦးထက်မနည်းသေဆုံး( ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောရွာကနေ တပ်ချိန်းပြီး ပြန်လာတဲ့ စစ်ကား ၃ စီးကို မေ ၁၇ရက် နေ့လယ်ပိုင်းမှာ မိုင်းဆွဲခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

အင်အား ၈၀ လောက်ပါတဲ့ ကား ၃ စီးပါ စစ်ယာဉ်တန်းကို ရေစကြိုမြို့နယ်၊ ကြည့်ကန်ရွာအနားမှာ ပဒေသာမိုင်း ၁၀ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ၈ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

"ကျနော်တို့မိုင်းမဆွဲခင်ကတည်းက သူတို့ထွက်လာတာနဲ့ လက်နက်ငယ်တွေ ဖောက်ပြီးထွက်လာခဲ့တာ။ ကျနော်တို့မိုင်းဆွဲပြီးတဲ့အချိန်လည်း သူတို့ဘက်က ပိုပြီးပစ်တယ်။ ကျနော်တို့ရဲဘော်တွေတော့ မထိခိုက်ဘူး။ စစ်ကောင်စီဘက်က ကျနော်တို့နောက်ဆုံးအချိန်အထိ စုံစမ်းသိရှိရတာကတော့ သေတာက ၈ ဦးလို့ သိရတယ်။ ဒါပေမဲ့ဒီထက်လည်းများနိုင်တယ်၊ ဒဏ်ရာရတဲ့ကောင်ကလည်း ၁၀ ကောင်ထက်မနည်း ရှိတယ်။" လို့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲခံလိုက်ရတဲ့ စစ်သားတွေဟာ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေလို့ ယူဆရပြီး မိုင်းဆွဲခံရပြီးနောက်မှာ ရေစကြိုမြို့တောင်ဘက်ကို ဦးတည်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။


ရေစကြိုမြို့တောင်ဘက်မှာတော့ ပျူစောထီးကြီးစိုးတဲ့ ဂွေးချိုရွာ၊ ဆင်ချောင်းရွာရှိသလို အဲဒီကနေ ဆက်သွားမယ်ဆိုရင် ပခုက္ကူ တပ်မ ၁၀၁ ရှိတယ်လို့ ဆိုပါတယ်။

တည်းဖြတ်- ငြိမ်းဇော်

#မြေလတ်အသံ
#ရေစကြို #စစ်ယာဉ်တန်းပစ်ခတ်ခံရမှု #စစ်ကောင်စီ #ဇီးတော #တပ်မ၁၀၁ #မိုင်းဆွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10