သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာကထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ Chaung U People's Defence Force ဆီက သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက် ဒီမနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ တောပုရွာပျူစောထီးစခန်းကနေ ညောင်ဖြူပင်ကျေးရွာ စစ်တပ်အထိုင်စခန်းကို တပ်ချိန်းသွားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ၄၀ ခန့်ကို တောပုရွာနဲ့ ညောင်ဖြူပင်ရဲစခန်းအကြားမှာ မိုင်း ၄ လုံးတွဲ ၁ ပွိုင့်ဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့ Scout (ကင်းထောက်)ဒရုန်းနဲ့ ကြည့်တာတော့ ၆ ကောင်ကတော့ နေရာမှာတင်ပွဲချင်းပြီးတယ်။ ဒဏ်ရာရတာကလည်း ၁၀ ကောင်ထက်မနည်းရှိတယ်။” လို့ Chaung U People's Defence Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ညောင်ဖြူပင်ရဲစခန်းမှာက စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ရှိပြီး ဘန်ကာ၊ ကတုတ်ကျင်းတွေနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စခန်းဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
မိုင်းဆွဲပြီးနောက် မနက် ၉ နာရီ ၄၅ မိနစ်မှာ ထိခိုက်သေဆုံးသူတွေကို Canter အဖြူ ၁၂ ပေကားနဲ့ မုံရွာ - မန္တလေး လမ်းမပေါ်ရှိ စစ်ကောင်စီအထိုင်စခန်းကိုပို့ပြီးနောက် အဲ့ဒီကတဆင့် အိမ်စီးကား ၅ စီးနဲ့ မုံရွာမြို့ထဲကို သယ်သွားတယ်လို့သိရကြောင်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကလည်း စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့် ကံကြီးကုန်းကျေးရွာအနီးမှာ တပ်စွဲစခန်းချထားတဲ့နေရာကို ကံကြီးကုန်းကျေးရွာအနီးမှာ Chaung U People's Defence Force အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #မိုင်းဆွဲ
Share Share Share