တပ်တွင်းဝေဖန်မှုတွေမြင့်တက်နေချိန် စစ်သားတွေရဲ့ သက်စွန့်တာဝန်စရိတ်ကို ၅ သောင်းကျပ် တိုးပေး

တပ်တွင်းဝေဖန်မှုတွေမြင့်တက်နေချိန် စစ်သားတွေရဲ့ သက်စွန့်တာဝန်စရိတ်ကို ၅ သောင်းကျပ် တိုးပေး

စစ်ကောင်စီတပ်က ၎င်းတို့လက်အောက်တပ်ဖွဲ့ဝင်တွေရရှိတဲ့ ပင်ပန်းကြမ်းတမ်းမှုနဲ့သက်စွန့်တာဝန်စ ရိတ်(MHRA)ကို ၅ သောင်းကျပ် ထပ်မံတိုးမြှင့်ပေးတယ်လို့ တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

ယခုဇန်နဝါရီလကုန်က စတင်တိုးမြှင့်ပေးတာဖြစ်ပြီး သက်စွန့်တာဝန်စရိတ်အဖြစ် ယခင် ၅ သောင်းကျပ် ကနေ ၁ သိန်းကျပ်ရရှိမှာဖြစ်တယ်လို့ ယခုလဆန်းပိုင်းကစတင်ကာ ညွှန်ကြားစာရောက်ရှိလာတယ်လို့ ဆိုပါတယ်။

“ စာဝင်တယ်လို့တော့ ပြောတာပဲ။ တိုးတဲ့ငွေပါရင် ဒီလကုန်က စပြီးပါမှာ။ တိုးတယ်ဆိုတာအစည်းအဝေးမှာလည်း ပြောတယ်။ စစ်တပ်ထုံးစံကတော့ လက်ထဲရောက်မှပဲအတည် “ လို့ မကွေးတပ်နယ်အတွင်းက တပ်အမည်မဖော်လိုတဲ့ တပ်မိသားစုဝင်တဦးက ပြောပါတယ်။

စစ်အာဏာမသိမ်းမီက စစ်ကောင်စီတပ်သားတွေရဲ့ သက်စွန့်စရိတ်ဟာ ၁ သောင်းကျပ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ၂ သောင်း ၂ ကြိမ်တိုးမြှင့်ပေးခဲ့လို့ ၅ သောင်းရရှိခဲ့တာဖြစ်ကာ ယခု ၅ သောင်းကျပ်ထပ်မံတိုးမြှင့်ပေးတာလို့ တပ်အသိုင်းအဝိုင်းက ဆိုပါတယ်။

သက်စွန့်တာဝန်စရိတ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်အထိ ခံစားခွင့်ရှိတာဖြစ်ပြီး ကာကွယ်ရေးဌာနအောက် စစ်ကောင်စီတပ်သားများသာရရှိတာဖြစ်ပြီး အရပ်သားဝန်ထမ်းတွေ ခံစားခွင့်မရှိဘူးလို့ သိရပါတယ်။

လက်ရှိ ရှမ်းမြောက်ဒေသတိုက်ပွဲတွေအတွင်း တပ်စခန်းတွေ သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်သားသေဆုံး၊ ဒဏ်ရာရမှုနဲ့  ထောင်နဲ့ချီတဲ့ စစ်သားတွေလက်နက်ချအညံ့ခံနေလို့ စစ်ခေါင်းဆောင်တွေအပေါ် တပ်တွင်းဝေဖန်မှုတွေ မြင့်တက်နေတာပါ။

“ MHRA က စရိတ်ဖြစ်လို့ ပင်စင်မှာမပါဘူး၊  ဗိုလ်မှူးချုပ်အဆင့်ထိ စစ်မှုထမ်းဆဲတွေပဲ ရမှာ။ ခုကာလ ရှမ်းမြောက်ဖြစ်စဉ်တွေမှာ ဘောမတွေကြားထဲ အထက်ပိုင်းတွေကို ပြောဆိုနေတာတွေရှိနေလို့ တိုးပေးလိုက်တာလို့ မြင်ပါတယ်” လို့ CDM တပ်မတော်သားတဦးက ပြောပါတယ်။

ပုံစာ - ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရခိုင်ပြည်နယ်၊သံတွဲတပ်နယ်ကို လာရောက်စ​ဉ်။

#မြေလတ်အသံ

#စစ်ကောင်စီတပ် #သက်စွန့်စရိတ် #တိုးမြှင့်ပေး #တပ်တွင်းဝေဖန် #စစ်ခေါင်းဆောင် #ရှမ်းမြောက်ဒေသ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10