သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ကျုံးပတ်လည်မှာ လုပ်ခဲ့တဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲကို " အိမ်ရှေ့ခွေဝဲစားတွေဟောင်လို့ ထွက်ကြည့်တာ"လို့ Tiktok မှာတင်မိသူ ရိုက်နှက်ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မနက်ပိုင်းမှာ အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ခြမ်း ၆၆ လမ်းနဲ့ ၁၃ လမ်းထောင့်ကနေ စတင်ပြီး စစ်တပ်ထောက်ခံသူတွေက မြန်မာနိုင်ငံအရေး ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်ပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"မနက်က စကစ ထောက်ခံသူတွေက ဆန္ဒပြပွဲလုပ်တယ်။ အဲဒါကို Tiktok မှာ" အိမ်ရှေ့ခွေဝဲစားတွေဟောင်လို့ ထွက်ကြည့်တာ"လို့ ဥပုတ်တော် ၉ လမ်းနားမှာနေတဲ့ သူက တင်လိုက်တာ။ မကြာဘူး။ စကစ အဖွဲ့တွေရောက်လာပြီး ရိုက်နှက်ဖမ်းသွားတယ်"လို့ ပြောပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းမှာတော့ ကိုဖိုးသဲ ၄၀ နှစ်ကို စစ်ကောင်စီတပ်သားတွေက နေအိမ်ကို ရောက်လာပြီး ရိုက်နှစ်ဖမ်းဆီးကာ နန်းတွင်းစစ်ကြောရေး ကိုခေါ်သွားကြတယ်လို့ သိရပါတယ်။
ဖမ်းဆီးရိုက်နှက်နေချိန်မှာလဲ စစ်ကောင်စီတပ်သားတွေက ကိုဖိုးသဲကို "ခွေးလိုဟောင်၊ အမေစုသားသမီးတွေ ဟောင်သလို ဟောင်"လို့ ပြောဆိုကာ ရိုက်နှက်နေတဲ့ ဗွီဒီယို ဖိုင်တစ်ခုကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေကနေ တင်ထားတာတွေ့ရပါတယ်။
#မြေလတ်အသံ
Share Share Share