တပ်ထောက်ခံပွဲလုပ်ပြီး ပြန်လာတဲ့ ဘီလူးစစ်ကြောင်း စနိုက်ပါနဲ့ ပစ်ခတ်ခံရလို့ ၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့‌ပေါ် မတ်လ ၂၇ ရက်နေ့ တပ်ထောက်ခံပွဲလုပ်ပြီး ပြန်လာတဲ့ ဘီလူးစစ်ကြောင်းကို မတ်လ ၂၉ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်အတွင်း စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကူလာတဲ့ စစ်ကြောင်းကိုပါ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ National Revolutionary Guards ဒုတပ်ရင်းမှူး ဗိုလ်သူရိန်က ပြောပါတယ်။

"ဆားလင်းကြီးမြို့ပေါ်မှာ တပ်ထောက်ခံပွဲလုပ်ပြီးပြန်လာတဲ့ အင်အား ၁၅၀ ပါတဲ့ ဘီးလူးစစ်ကြောင်းကို ဆားလင်းကြီးမြို့မြောက်ဖက် နယ်ခြားကျောင်းအနီးမှာ မနက် ၇ နာရီမှာ စနိုက်ပါနဲ့ပစ်ခတ်ခဲ့တာ ခွေး ၁ ကောင်ချက်ခြင်းလဲသေသွားတာ မျက်မြင်တွေ့ခဲ့ရတယ်။ သူတို့ဘက်က ရမ်းသမ်းပစ်တယ်။ ကျနော်တို့ လက်နက်ငယ်တွေနဲ့ ပြောက်ကျားစနစ်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲကြာချိန် မိနစ် ၂၀ ခန့်ကြာခဲ့တယ်။ အဲ့ဒီစစ်ကြောင်းက ထန်းတောကြီးထဲမှာ ရှိနေသေးလို့ ကျနော်တို့က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တာမှာ လက်ပတောင်းရွာထဲကို ဝင်သွားတယ်" လို့ ပြောပါတယ်။


ညနေ ၆ နာရီလောက်မှာ အဲ့ဒီစစ်ကြောင်းကို တိုက်ဖို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ချဉ်းကပ်ခဲ့ပေမယ့် မထင်မှတ်ဘဲ စစ်ကောင်စီဘက်က ပြည်သူပိုင်စက်လှေ ၂ စီးကို ချောဆွဲပြီး လက်နက်အပြည့်အစုံနဲ့ စစ်ကူလာလို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်ထောက်ခံပွဲလုပ်ပြီးပြန်လာတဲ့ စစ်ကြောင်းဟာ မုံရွာ နမခ ကနေ အင်အား ၁၅၀ နဲ့လာတဲ့ တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းဖြစ်ပြီး လက်ပံတောင်းကျေးရွာမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို National Revolutionary Guards (NRG/Salingyi) ၊ Chindwin Dynamite တပ်ဖွဲ့ နှင့် MPDF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10