တပ်ဖွဲ့တည်ထောင်ခြင်း ၃နှစ်ပြည့်နဲ့အတူ ကျဆုံးရဲဘော် ၃ဦးအတွက် ဇရပ်ဆောက်လုပ်လှူဒါန်းပေး (ရုပ်/သံ)

မြိုင်မြို့နယ်မှာ အခြေစိုက်တဲ့ ယင်းမာပင်ခရိုင် အမှတ်၁၁ တပ်ရင်း ကျားသစ်နက်တပ်မတော် တည်ထောင်ခြင်း ၃နှစ်ပြည့်နဲ့ အတူ ကျဆုံးရဲဘော် ၃ဦးကို ရည်စူးပြီး ဇရပ်ဆောက်လုပ်လှူဒါန်းပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်က မြိုင်မြို့နယ်၊ သံဘိုကြီးကျေးရွာအနီး စစ်ကောင်စီနဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့ ရဲဘော်၃ဦး ကိုရည်စူးကာ သူတို့ကျဆုံးတဲ့ အနီးက ဇရပ်ကို အသစ်ပြန်ဆောက်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီ့ဇရပ်ဟာ ရဲဘော် ၃ဦးကျဆုံးတဲ့ ရက်မှာပဲ စစ်ကောင်စီတပ်သားတွေက မီးရှို့သွားခဲ့တဲ့ ဇရပ်အဟောင်းတခုဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ အောက်တိုဘာ၁၆ရက်မှာကတည်းက ဇရပ်ကိုပြန်လည်ပြင်ဆင်ခဲ့ကာ အောက်တိုဘာ၂၀ရက်မှာ ဇရပ်ကိုဆောက်လုပ်ပြီးစီးခဲ့ပြီး နွေဦးရွက်ကြွေဇရပ်လို့ အမည်ပေးခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်ရဲ့ဥက္ကဌ ကိုဥက္ကာက ဆိုပါတယ်။

အောက်တိုဘာ၂၂ရက်မှာတော့ ကျဆုံးခဲ့တဲ့ရဲဘော်၃ဦးကိုရည်စူးပြီး သံဃာ၅ပါး ပင့်ဖိတ်ကာ တပ်ရင်းရဲဘော်၂၅ဦး ပြည်သူ၅၀ဦးခန့်နဲ့ တရားနာပြီး ဇရပ်ဆောက်လုပ်လှူဒါန်းကြောင်းရေစက်ချပွဲပြုလုပ်ခဲ့တာလို့ ကိုဥက္ကာက ပြောပါတယ်။

နွေဦးရွက်ကြွေဇရပ်ကို ဆောက်လုပ်ရာမှာ ကျားသစ်နက်တပ်မတော်က သိန်း၄၀ခန့်ကုန်ကျခဲ့ပြီး ဒေသခံပြည်သူတွေကလည်းသစ်နဲ့ ဝါးအချို့ ကူညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျားသစ်နက်တပ်မတော်ကို ၂၀၂၁ အောက်တိုဘာ၂၃ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မကွေးတိုင်း မြိုင်ဒေသတဝိုက်နဲ့ စစ်ကိုင်းတိုင်းပုလဲဒေသတဝိုက်မှာစစ်ရေးလှုပ်ရှားလျှက်ရှိပါတယ်။

တည်းဖြတ်-HP

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10