တပ်မ ၁၀၁ စစ်သားတွေ တပ်စွဲထားတဲ့ဂိတ် အလစ်အငိုက်တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြိုနယ်၊ အရှေ့ချောက်ကန်ရွာ ဂိတ်စခန်းဖွင့်ပြီး တပ်စွဲထားတဲ့ စစ်သားတွေကို PDF က အလစ်အငိုက်ဝင်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ Southern Yesagyo PDF အဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၁၉ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာ ဂိတ်စခန်းမှာ တပ်မ ၁၀၁ က အင်အား ၃၀ ကျော် တပ်စွဲထားတာကို အဖွဲ့ ၉ ဖွဲ့ ပူးပေါင်းကာ အလစ်အငိုက်ဝင်တိုက်ခိုက်ခဲ့ကြတာပါ။

"ကျနော်တို့ ၁၉ ရက်က အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့ ကျနော်တို့ ပွဲတပွဲပုံဖော်ခဲ့တာ၊ အရှေ့ချောက်ကန်ရွာမှာ **တွေဂိတ်လုပ်ထားတဲ့နေရာကို နေ့လယ် ၁၂ နာရီဝန်းကျင်မှာ အလစ်အငိုက်ဝင်တိုက်ခဲ့တာပါ၊ ပစ်ခတ်တိုက်ခိုက်အချိန်က ၅ မိနစ်လောက် ကြာပါတယ်၊ ကျနော်တို့ မနေ့က ကြားထားတဲ့သတင်းအရတော့ **၁ ကောင်သေပြီး ၃ ကောင်ကတော့ ခြေထောက်တွေလက်တွေ ထိမှန်သွားတယ်၊ ဒီနေ့ထပ်တိုးသတင်းကတော့ ပခုက္ကူဆေးရုံမှာတင်ထားတဲ့ **၁ ကောင်ကတော့ သေပြီလို့ သတင်းကြားရတယ်" လို့ Southern Yesagyo PDF မှ ဗိုလ်အောင်မောင်းက ပြောပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၂ ဦး  သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပေမယ့် အသေးစိတ်ကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။ 

အခင်းဖြစ်ပြီးနောက် လက်ရှိအချိန် အဲ့ဒီနားပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက အင်အားအနည်းငယ်ထပ်တိုးထားပြီး ဘန်ကာတွေအခိုင်အမာ ပြန်ဆောက်ထားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Southern YSO PDF၊ ဇာမဏီ ဒရုန်းတပ်ဖွဲ့၊ ဒေါင်းစစ်သည်၊ Column 1၊ Pakokku People Defence Force၊ Black Dragon၊ စနေမင်း၊ BRR နှင့် ညီနောင်သုံးဖော်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #တပ်မ၁၀၁ #စစ်ကောင်စီဂိတ်  #တိုက်ခိုက်ခံရ  #စစ်သား  #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10