တပ်မ ၃၃ ကထွက်လာတဲ့ စစ်ကောင်စီကြေးနီသယ်ကား မိုင်းဆွဲခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တပ်မ ၃၃ က ထွက်လာတဲ့ ကြေးနီသယ်လာတဲ့ကား ၄၃ စီးနဲ့ သံပြားကာကား ၅ စီးကို တောပုရွာအနားမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ 

အဲ့ဒီ စစ်ကောင်စီ ကြေးနီသယ်ဆောင်လာတဲ့ကားနဲ့ သံပြားကာကားတွေကို နိုဝင်ဘာ ၂၆ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ပဒေသာမိုင်း ၅ လုံးဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့  Chindwin Fighter Group - CFG တာဝန်ခံ ကိုငှက်ခါးက ပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အပျက်အစီးနဲ့ ထိခိုက်သေဆုံးမှုကိုတော့ အသိအကျမသိရဘဲ မိုင်းထိမှန်တဲ့ ကားကတော့ ထိုးရပ်သွားတာ မျက်မြင်အရသိရတာလို့ ဆိုပါတယ်။ 

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် တောပုရွာက ပျူစောထီးတွေထွက်လာကာ ကာကွယ်ရေးအဖွဲ့တွေ မိုင်းဆွဲတဲ့ တောပုရွာအနားက နေအိမ် ၁ လုံးကိုလည်း မီးရှို့သွားတယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းဆွဲမှုကို Chindwin Fighter Group - CFG နဲ့ BRAVE HEART ARMY - BHA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #တပ်မ၃၃ #စစ်ကောင်စီ #ကြေးနီကား #မိုင်းဆွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10