တပ်မ ၃၃ နဲ့ မန္တလေးနန်းတွင်းခြေလျင်စစ်ကြောင်း ၂ ကြောင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနှင့်မြင်းမူမြို့အကြားမှာ ခြေလျင်စစ်ကြောင်း ၂ ကြောင်းကို ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ DK PDF MMU အဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် မနက် ၈ နာရီခွဲခန်က တပ်မ ၃၃ နဲ့ မန္တလေးနန်းတွင်းပေါင်း စစ်သားအင်အား ၃၆ ဦးအပါ ခြေလျင်စစ်ကြောင်း ၂ ကြောင်းဟာ အလ္လကပကျေးရွာကနေ မြင်းမူဘက်ကိုသွားနေတဲ့ အချိန်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။ 

တိုက်ခိုက်နေစဉ်မှာ ပြည်သူတွေကြားထဲရှိနေလို့ နောက်ဆုတ်ပေးခဲ့ရတယ်လို့ DK PDF MMU တာဝန်ခံက ပြောပါတယ်။

"တိုက်ပွဲချိန်က ၁၀ မိနစ်လောက်ပဲကြာတယ်။ အဲ့ဒီစစ်ကြောင်းနဲ့ စတွေ့တာက ဝမ်းပြည့်ရွာရဲ့အနောက်ဘက်မှာ စတွေ့တာ။ ကျနော်တို့ကအနောက်ကနေ ကာပစ်ပေးတာ။ မီတာ ၂၀၀ ဝန်းကျင်လောက်က ပစ်ခတ်ခဲ့တာ။ အဲ့ဒီစစ်‌ကြောင်း ၂ ကြောင်း မြင်းမူမြို့ထဲပြန်ရောက်တဲ့အချိန် ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကိုင်းဘက်ကို ကား ၂ စီးနဲ့ပို့တယ်" လို့  သူကပြောပါတယ်။

တိုက်ခိုက်မှုကိုတော့ Dog Killers People's Defence Force Myinmu(DK PDF-MMU) ၊ PKDF(MMU) ၊ D.B.B.F(MMU) ၊ မြင်းမူးမြို့နယ် အနောက်ခြမ်း ပကဖနဲ့ ညီနောင်မဟာမိတ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြင်းမူမြု့နယ် #ဝမ်းပြည့်ရွာ #တိုက်ခိုက်မှု #တော်လှန်ရေးအင်အားစုများ #စစ်ကောင်စီ #နွေဦးတော်လှန်ရေး #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10