တပ်မ ၆၆ လက်အောက်ခံ ခလရ (၁)က တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ကျော် ရှေ့တန်းမှာ တိုက်ပွဲကျ

တပ်မ ၆၆ လက်အောက်ခံ ခလရ (၁)က တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ကျော် ရှေ့တန်းမှာ တိုက်ပွဲကျ

ပဲခူးတိုင်း အနောက်ခြမ်းသာယာဝတီခရိုင်၊ မင်းလှမြို့နယ် ၊စိန်ကန့်လန့်ကျေးရွာအနီးရှိ တပ်မ ၆၆ လက်အောက်ခံ ခလရ (၁)တပ်က တပ်ရင်းမှူးအပါအဝင် ၁၀ ဦးကျော် ရှေ့တန်းမှာ တိုက်ပွဲကျခဲ့တယ်လို့ ဒေသတွင်းစစ်ကောင်စီနဲ့ နီးစပ်သူတွေကဆီက သိရပါတယ်။ 

ဒီဇင်ဘာလ ၃၁ ရက်နေ့တိုက်ပွဲမှာ သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ ရှေ့တန်းကိုမသွားခင် မင်းလှမြို့ပေါ်က တအိမ်တယောက်ထွက်ပြီး ပန်းကုံးစွပ်ကြဖို့ အမိန့်ပေးထားတဲ့ အစီအစဉ်လည်းပျက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သေဆုံးခဲ့တဲ့ ရှေ့တန်းစစ်မြေပြင်နေရာကို အတိအကျမသိရပေမယ်၊ ကရင်နီပြည်နယ်အတွင်း ဖြစ်နိုင်ကြောင်းနဲ့ ချောင်ပိတ်တိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့လည်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

အဆိုပါစစ်တပ်နဲ့နီးစပ်သူအသိုင်းအဝိုင်းရဲ့ Facebook စာမျက်နှာတွေမှာလည်း သေဆုံးသွားတဲ့ တပ်ရင်းမှူးနဲ့ ပတ်သက်လို့ ဝမ်းနည်းကြောင်း ရေးသားဖေါ်ပြထားကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တပ်မ ၆၆ လက်အောက်ခံ ခလရ (၁) စိန်ကန့်လန့်တပ်က စစ်ယူနီဖေါင်းဝတ်ထားတဲ့ စစ်သားမိန်းမတွေကို တင်ဆောင်ထားတဲ့ စစ်ကား ၂ စီးဟာ မင်းလှတာဆုံဘက်ကို စစ်ကြောင်းချီတက်သွားတဲ့ပုံစံနဲ့ တက်သွားကြောင်းတွေ့မြင်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10