တပ်မ ၇၇ စစ်ကြောင်း လက်နက်ကြီးနဲ့ ပစ်ခံရလို့ ၃ ဦးသေဆုံး

တပ်မ ၇၇ စစ်ကြောင်း လက်နက်ကြီးနဲ့ ပစ်ခံရလို့ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရွှေထီးခန်းမက ထွက်လာတဲ့ အင်အား ၁၀၀ ပါ တပ်မ ၇၇ စစ်ကြောင်းကို တပ်ရင်း ၃ ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ Yaw Revolution Army-ထီးလင်း(YRA) ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

အင်အား ၁၀၀ စစ်ကြောင်းကို ဇူလိုင် ၁၅ ရက် ညနေ ၃ နာရီလောက်မှာ ဘူးတောင်းရွာနဲ့ ညောင်ရွာအကြား တထောက်နားနေချိန်လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့တထောက်နားနေတဲ့အချိန် ကျနော်တို့ YRA ကနေပြီးတော့ လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်ခဲ့တာ။ ကျနော်တို့ဘက်က အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာလာနိုင်ခဲ့တယ်။ စစ်ကောင်စီဘက်ကတော့ ၃ ဦးသေပြီး ဒဏ်ရာရတာလည်း ၄ ဦးလောက်ရရှိခဲ့တယ်" လို့ သခင်ဇော်က ပြောပါတယ်။

နောက်တနေ့မှာ စစ်ကြောင်းနားခဲ့တဲ့ နေရာကို YRA က သွားရောက်ကြည့်ရှု့ခဲ့ချိန်မှာ စစ်သားတွေနားခဲ့တဲ့ နေရာကို လက်နက်ကြီးကျရောက်ပေါက်ကွဲထားတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ ထီးလင်းမြို့ပေါ်ကို ပြန်သွားပြီဖြစ်ကာ ဒီတိုက်ခိုက်မှုကို Yaw Revolution Army-ထီးလင်း၊ တပ်ရင်း ၁၅၊ ၁၆၊ ၁၇ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ပုံစာ - Yaw Revolution Army-ထီးလင်း တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

စာတည်း - ဇို

#မြေလတ်အသံ

#ထီးလင်း #တပ်မ၇၇ #လက်နက်ကြီး #ပစ်ခတ် #YRA #YawRevolutionArmy

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10