တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် ပန်လုံဗျူဟာကုန်းမှာ တိုက်ပွဲကျသေဆုံး

တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် ပန်လုံဗျူဟာကုန်းမှာ တိုက်ပွဲကျသေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးဒေသမှာ တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် (တမခ ၉၉) တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် နိုဝင်ဘာ ၅ ရက်က တိုက်ပွဲကျသေဆုံးသွားတယ်လို့ တပ်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

တပ်မ ၉၉ နဲ့ တပ်မမှူးအထိုင်စခန်းဟာ မုံးကိုးဒေသ ပန်လုံဗျူဟာကုန်းမှာအခြေပြုတပ်စွဲနေတာဖြစ်ပြီး မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက အဆိုပါ တပ်မမှူးအထိုင်စခန်းကို ၀င်ရောက်တိုက်ခိုက်ရာ တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့တာလို့ ဆိုပါတယ်။

" သူ့အထိုင်စခန်းကို ဒရုန်းနဲ့ဗုံးကြဲခံရတာမှာ ပါသွားတာ။ တပ်မမှူးထိုင်တဲ့စခန်းဖြစ်လို့ အင်အားများသလို အကျအဆုံးများတယ် " လို့ တပ်မ ၉၉ နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ပုံစာ - ပန်လုံဗျူဟာစခန်းကို မဟာမိတ်တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ။
ပုံစာ - ပန်လုံဗျူဟာစခန်းကို မဟာမိတ်တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ။

တပ်မမှူး ဗိုလ်မှူးကြီး အောင်ကျော်လွင်ဟာ စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ဆင်းဖြစ်ပြီး  ဗိုလ်မှူးချုပ်အဆင့်တာဝန်တိုးယူထမ်းဆောင်မှုလစာစားနေတဲ့ ယာယီဗိုလ်မှူးချုပ်အဆင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဗိုလ်မှူးကြီး အောင်ကျော်လွင်ဟာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက်ပြီး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်မှာ တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၈) စကခမှူးရာထူးကနေ  တပ်မ ၉၉ တပ်မမှူးအဖြစ်  အခုနှစ်ဩဂုတ်လဆန်းပိုင်းမှာ ပြောင်းရွှေ့ရောက်ရှိလာတာဖြစ်ပါတယ်။

သူ့ရဲ့ စကခ ၈ စကခမှူးနေရာကိုတော့ လက်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင် က ပြောင်းရွှေ့ရောက်ရှိလာတာပါ။

ပုံစာ - ပန်လုံဗျူဟာစခန်းကို မဟာမိတ်တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ။
ပုံစာ - ပန်လုံဗျူဟာစခန်းကို မဟာမိတ်တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဟာ နို၀င်ဘာ ၄ ရက်ကတည်းက ပန်လုံဗျူဟာကုန်းရဲ့ အောက်ဘက်မှာရှိတဲ့ ဗျူဟာစခန်း ၂ ခုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး နို၀င်ဘာ ၅ ရက်မှာ ပန်လုံဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပန်လုံဗျူဟာကုန်းဟာ စစ်ကောင်စီတပ်ရှေ့တန်းအဓိကကုန်းတခုဖြစ်ပြီး မဟာမိတ်တပ်တွေ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးသူများပြားကြောင်း အော်ပရေးရှင်း ၁၀၂၇ က နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ရှမ်းမြောက် #၁၀၂၇ #စစ်ဆင်ရေး #တမခ၉၉ #တပ်မမှူး  #ဗိုလ်မှူးကြီး အောင်ကျော်လွင် #တိုက်ပွဲကျ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10