သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပျူစောထီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေကို လက်နက်ကြီး အလုံး ၁၀၀ ကျော်နဲ့ ပစ်ခတ်ခဲ့လို့ ဗိုလ်တဦးနဲ့ ပျူစောထီး ၈ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ Snipe Rangers Force (LPDF) အဖွဲ့ဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာက စစ်သားနဲ့ ပျူစောထီးတွေကို မေလ ၃၀ရက် ညနေ ၆နာရီကနေ ၉နာရီအထိ လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Snipe Rangers Force (LPDF) တပ်ဖွဲ့ ရဲဘော် ဆလိုင်းက ပြောပါတယ်။
"စပါးတွင်းကျေးရွာမှာက တပ်မ ၃၃ က စစ်သား ၁၀ ဦးသာရှိပြီး ပျူစောထီးတွေကများတယ်။ ကျနော်တို့ပစ်ခတ်ခဲ့လို့ တပ်မ ၃၃ က ထိန်းချုပ်ဖို့လွှတ်လိုက်တဲ့ ဗိုလ်တဦး သေပြီး ပျူ ၈ ဦးသေတယ်" လို့ ဆိုပါတယ်။
သေဆုံးမှု အခြေအနေကို ကင်းထောက်ဖို့ လွှတ်လိုက်တဲ့ ဒရုန်းကနေမြင်ခဲ့ရတာဖြစ်ပြီး ဒရုန်းကတော့ ပစ်ချခံရလို့လို့ ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ဆိုပါတယ်။
စပါးတွင်းရွာ အပါအဝင် ငွေတွင်းရွာနဲ့ သလဲရွာကလည်း တပ်မ ၃၃လက်အောက်ဝင်ကာ ပျူစောထီးသင်တန်းတက်ထားကြသူတွေဖြစ်ပြီး စပါးတွင်းရွာမှာတော့ ပျူစောထီး ၈၀ ဦးလောက်ရှိတယ်လို့ဆိုပါတယ်။
စပါးတွင်းကို လက်နက်ကြီးနဲ့ပစ်ချိန် ရွာဘက်ကလည်း ပြန်ပစ်ခတ်တာတွေရှိပေမယ့် မဟာမိတ်တပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
"လက်လုပ်လက်နက်ကြီးတွေနဲ့ အချက်ပေါင်း ၁၅၀ ပစ်ခတ်ခဲ့တာ။ တဖွဲ့ကို ၁၀ လုံးနှုန်းနဲ့ ပစ်ခတ်ခဲ့တာ။ ကျနော်တို့ ရဲဘော်တွေထိခိုက်သေဆုံးမှုမရှိပေမဲ့ ကင်းထောက်ဝေဟင်ဒရုန်း ၁ စီးတော့ စစ်ကောင်စီဘက်ကပစ်ချလို့ ပျက်စီးသွားတယ်" လို့ ပြောပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုကို Snipe Rangers Force (LPDF) တပ်ဖွဲ့၊ နွေဦးရဲဘော် တပ်ဖွဲ့၊ မြင်းခြံ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ ၊ DBBF -MMU တပ်ဖွဲ့ ၊ ပြည်သူ့ရောင်နီတပ်ဖွဲ့ အပါအဝင် မဟာမိတ်တပ်ပေါင်းစု ၁၆ ဖွဲ့လောက်က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
စာတည်း - ဇို
#မြေလတ်အသံ
#ပျူစောထီး #တပ်မ၃၃ #စပါးတွင်း #လက်နက်ကြီး #မဟာမိတ်တပ်ပေါင်းစု
Share Share Share