သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်ဆည်လေးကျေးရွာမှာ တပ်စွဲဖို့လာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်း ၁၄ လုံးအပြင် မိုင်းနဲ့ပါ တိုက်ခိုက်ခံရလို့ ၃ ဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။
ဧပြီလ ၇ ရက် မနက် ၁၁ နာရီခန့်မှာ အင်အား ၅၀ ကျော်နဲ့ စစ်ကောင်စီတပ်ဟာ ကင်းရွာဘက်ကနေ ကျောက်ဆည်လေးရွာဘက်ကို ရောက်လာပြီး ကျေးရွာအထွက်နားရှိဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်ချိန် ဒရုန်းဗုံး ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့)က ဗိုလ်နတ်ဆိုးက ပြောပါတယ်။
"ဒရုန်း ၄ စီးနဲ့ ၃ ကြိမ် ချတယ်။ သူတို့်ခံရတာကို မကျေနပ်လို့ ကင်းပုန်းထွက်ချိန် မိုင်းကွင်းထဲဝင်လာလို့ မိုင်းထပ်ဆွဲတိုက်ခိုက်ခဲ့တယ်။ ဒရုန်းနဲ့ချချိန်က ဒီကောင်တွေ သွားလာလှုပ်ရှားနေကြတာဆိုတော့ ထိခိုက်အခြေနေကို တိတိကျကျ မသိရဘူး။ မိုင်းကွင်းထဲမှာကျတော့ထိခိုက်သိရတယ်။ သေဆုံးဒဏ်ရာရသူတွေကို ကောက်ပြီး ဘုန်းကြီးကျောင်းထဲ ပြန်သယ်။ ညနေမှာ တစ်ကြိမ်ထပ်ထွက်လာသေးတယ်။ ဒါလည်း မိုင်းထပ်ဆွဲသေးတယ်" လို့ ပြောပါတယ်။
ညနေ ၄ နာရီခန့်မှာ စစ်ကောင်စီအဖွဲ့ဟာ ကျေးရွာအရှေ့ဘက်ကို စစ်ကြောင်းထပ်ထွက်ချိန် ဒရုန်း ၂ လုံးထပ်ချပြီး မိုင်းထပ်ဆွဲခဲ့သေးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ခံရပြီးနောက်မှာ ကျေးရွာဘုန်းကြီးကျောင်းထဲကို ပြန်ဝင်သွားပြီး တပ်စွဲနေထိုင်နေသလို အုန်းလွတ်ရွာဘက်ကနေ စစ်ကူအင်အား ၃၀ ကျော်ထပ်လိုက်လာပေမယ့် ကျောက်ဆည်လေးရွာကို မရောက်လာသေးဘူးလို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကိုတော့ နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)နဲ့ တိုက်သိမ်း (မြေအောက်တော်လှန်ရေးတပ်ဖွဲ့)၊ MRF(မဟာတော်လှန်ရေးတပ်ဖွဲ့)၊ နဂါးညီနောင်(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)(မတ္တရာ)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၁ ရက်နေ့မှာ မတ်လ ၂၃ ရက်နေ့အတွင်း ကျောက်ဆည်လေး၊ တောင်ဂေါင်းနဲ့ ဇီးဖြူပင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများပြီး ဒေသကာကွယ်ရေးအဖွဲ့ဘက်က ဒရုန်း ၁ စီးပျက်ကျခဲ့သလို ရဲဘော်တဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ