တပ်သားချင်းပစ်သတ်ပြီး CDM ဝင်လာသူ PDF နဲ့အတူတိုက်ပွဲဝင်မယ်လို့ပြော( ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ တပ်ရင်း ၉၂၉ ထောက်ပို့တပ်က တပ်သားတဦး အချင်းချင်းပစ်သတ်ပြီး ကနီမြို့နယ် ကျောက်လုံးကြီး PDFဆီမှာ ဖေဖော်ဝါရီ၁၇ရက်က လက်နက်နဲ့အတူ CDM ဝင်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ရက် ညနေပိုင်းက မုံရွာမြို့မှာ ကင်းလှည့်ရင်း အချင်းချင်းစကားများရာက တပ်သား အောင်ချစ်သူဆိုသူကို ပစ်သတ်ခဲ့တာလို့ CDM ဝင်လာတဲ့ တပ်သား မျိုးမြင့်က ပြောပါတယ်။

" ဒီကောင်က ကျနော့်ကိုခြိမ်းခြောက်လို့ပါ။ သူကိုမသတ်ရင်လည်း ကျနော့်ကို သူကသတ်တော့မှာ အဲဒါကြောင့် ပစ်သတ်ခဲ့တာ"

MA 1 ၁ လက်အပါ ကျည်ဆံအချို့နဲ့ CDM ဝင်လာတဲ့ တပ်သားမျိုးမြင့်ဟာ PDFတွေနဲ့အတူ စစ်အာဏာရှင်ကို တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

တည်းဖြတ်- CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10